မျက်နှာလေးကြည်လင်ပြီးတောက်ပလာစေဖို့
ကြည်လင်ပြီးတောက်ပတဲ့ မျက်နှာအသားအရေလေးရရှိစေဖို့ ပဲမှုန့်၊ သံပရိုသီးနဲ့ Raw Milk ကို သုံးပေးရမှာပါ။ မျက်နှာနေလောင်ထားတဲ့အချိန်တွေနဲ့ မျက်နှာမဲညစ်နေတဲ့အချိန်မျိုးမှာ ဒီနည်းလမ်းလေးကို သုံးပေးနိုင်ပါတယ်။
လုပ်ရမယ့်ပုံစံလေးကတော့ ပဲမှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပရိုရည် (Lemon Juice) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ Raw Milk – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး မျက်နှာနဲ့ လည်ပင်းတွေမှာ လိမ်းပေးရပါမယ်။ လိမ်းတဲ့အခါမှာ လက်ချောင်းလေးတွေကိုသုံးပြီး စက်ဝိုင်းပုံစံလိမ်းပေးရပါမယ်။ ၁၅ မိနစ် (သို့) မိနစ် ၂၀ လောက်ကြာရင်တော့ ရေအေးနဲ့ဆေးချလိုက်ပါ။ မျက်နှာအသားအရေလေး ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်..
No comments:
Post a Comment