ပါဝင်ပစ္စည်းများ
---------–--------------
1.ပုဇွန်ခြောက် ၁၀ ကျပ်သား
2.ငရုတ်သီး အကြမ်းမှုန့် ၅ကျပ်သား
3.ဆီ ၁၀ ကျပ်သား
4.ကြက်သွန်နီ အနေတော် ၅ လုံး
5.ကြက်သွန်ဖြူ ၅မွှာ
6.ဆား အနည်းငယ်
ပြုလုပ်နည်း
ငရုတ်သီး အတောင့်ဆိုပါက ငရုတ်ဆုံတွင် ညက်နေအောင်ထောင်းထားပါ
ပုဇွန်ခြောက် ကိုရေစင်အောင်ဆေး ရေစစ်ထားပြီး အကောင်လိုက်ကြိုက်ပါက ဒီတိုင်းထား၍ အမှုန့်ကြိုက်ပါက ဆုံတွင်ထောင်းထားပါ
ကြက်သွန်နီ အခွံသင် အကွင်းလိုက် ပါးပါးလှီးထားပါ
ကြက်သွန်ဖြူ ဓားပြားရိုက် / ထောင်းထားပါ
ဒယ်အိုးအတွင်း ဆီထည့် ဆီပူလာပါက ကြက်သွန်နီ ထည့်ကြော်
ကြက်သွန်နီများ အရောင်ပြောင်းပါက အဖြူထည့်ပါ
ကြက်သွန် နီ/ ဖြူ များ ရွှေရောင် ပြောင်းပါက ထောင်းထားသော ပုဇွန်ခြောက် / အကောင်လ်ုက် ထည့်ကြော်ပါ ပွဇွန်များ ကြွတ်လာပါက ငရုတ်သီး များထည့်ပါ မီးလျှော၍ နှံ့စပ်အောင်မွှေပေးပ
ငရုတ်သီးတွင် ဆားပါ ပါက ဆားထည့်ရန်မလိုပါ
မီးဖိုပေါ်မှချကာ လေလုံသော ဗူး / ပုလင်းများတွင်ထည့်၍ ရက်ရှည်ထား စားသောက်နိုင်ပါသည်
တစ်ချိူ့ကတော့ ငရုတ်သီးပုဇွန်ခြောက်ကြော်ကို အစို ကြော် ကြပြီး ကြွတ်နေအောင်ကြော် သည်ကတော့ ရက်ကြာ အထားခံ ပါသည်
No comments:
Post a Comment