အသုပ်မျိုးစုံ သုပ်စားရင် ထဲ့သုံးလေ့ရှိတဲ့ ပဲအကျက်မှုန့် လှော်နည်းလေးပါ....
မီးအပူပေး လှော်ရတာ လွယ်ကူပေမဲ့ မီးအချိန်အဆ မမှန်ရင်တော့ ကျွမ်းသွားတာ မကျက်တတ်တာတို့ ဖြစ်တတ်ပါတယ်..သတိထားပြီး လှော်စေချင်ပါတယ် ..
• အရင်ဆုံး ရွှေဗိမာန်ပဲမှုန့်အစိမ်း ၁၀သားထုပ် (163ဂရမ်) အထုတ်လေး တထုတ်စာကို ပဲကျက်လှော်ဖို့ အသင့်ယူထားပါ..
• လှော်ပြီဆိုတာနဲ့ အသားထူတဲ့ ဒယ်အိုးကို အပူပေးပါ
• ပါးတဲ့ ဒယ်အိုးဆိုရင် ပဲမှုန့်ကသေချာ မကျက်ဘဲ ခနလေးနဲ့ ကျွမ်းပြီး မဲသွားတတ်ပါတယ်
• ဒယ်အိုး ပူလာတာနဲ့ မီးကိုအနေတော်လျှော့ပြီးမှ ပဲအစိမ်းမှုန့်ကို ထည့်ပေးကာ လှော်ပေးပါ
• မီးပြင်းရင် အရောင်မည်းပြီး ကျွမ်းလွယ်တဲ့အတွက် မီးအနေတော်နဲ့ လှော်တာ အကောင်းဆုံးပါ
• လှော်နေစဉ် အကျက်ညီစေရန်နှင့် လှော်နေစဉ် ပဲအခဲလေးများ ဖြစ်တတ်တဲ့အတွက် သစ်သားယောင်းမဖြင့် အဆက်မပြတ် မွှေမွှေပေးပြီး ဖိဖိချေပေးပါ
• ပဲမှုန့်အားလုံး ရွှေအိုရောင် သန်းလာပြီး မွှေးလာပြီဆိုရင် ဇလုံကျယ်ကျယ် (သို့မဟုတ်) လင်ဗန်း ( သို့မဟုတ်) စကောထဲကိုထည့်ပြီး အအေးခံပါ
• အအေးခံထားသော ပဲအလှော်မှုန့်များကို အသုပ်မျိုးစုံ သုပ်စားရန်အတွက် လေလုံပြီး ခြောက်သွေ့သော ဖန်ပုလင်းထဲမှာထည့်ပြီး လိုအပ်သောအချိန် သုံးနိူင်ရန် သိမ်းထားနိူင်ပါတယ်။
သည်လိုမှ ကိုယ်တိုင်ပြုလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင်
အနံ့မွှေးမွှေးရွှေဗိမာန်ပဲကျက်မှုန့်ကို ph 09792260533/097879967 ကို ဖုန်းဆက်ပီး မှာယူလိုက်ပါ....
No comments:
Post a Comment