Pages

Tuesday, January 14, 2020

ငရုတ်သီးမှိုဆိုတာ ဘာလဲ

မြန်မာ့အစားအစာမှာ ငရုတ်သီးအစပ်ဟင်းဆိုတာ လုံး၀ပြေးမလွတ်ပါဘူး။ မြန်မာလူမျိုးတော်တော်များများကငရုတ်သီးအင်မတန်ကြိုက်ကြတဲ့ လူမျိုးတွေဖြစ်ကြပါတယ်။ တစ်နေ့တစ်နေ့ ဘာဟင်းပဲချက်ချက် အနည်းဆုံးအစပ်ဟင်းလေးတစ်ခွက်ကတော့ ပါလိုက်ရမှ။ ငရုတ်သီးတောင့် ၊ ငရုတ်သီးလေးစိပ်ခွဲ၊ အလှော်မှုန့် ၊ အစိမ်းမှုန့် ၊ အရောင်တင်မှုန့် စတာတွေကိုဆိုင်ကဝယ်စားရင်စား၊မဟုတ်ရင်လည်း အိမ်မှာသိမ်းထားပြီးစားတတ်ကြပါတယ်။ ဒါကြောင့် နေ့စဉ်ဟင်းချက်ရာမှာမပါမဖြစ် ဖြစ်တဲ့ ငရုတ်သီးမှာကပ်နေတတ်တဲ့ မှိုရောဂါ အကြောင်းကိုတော့ သိထားသင့်ဖို့လိုပါတယ်။




ငရုတ်သီးမှို(Aflatoxin) ဆိုတာဘာလဲ?
ငရုတ်သီးမှို(Aflatoxin) ဆိုတာက လူတွေကိုခြောက်လှန့်နေတဲ့ “ ကင်ဆာရောဂါ” ကို အဓိကဖြစ်စေတဲ့ မှိုတစ်မျိုးဖြစ်ပါတယ်။ ငရုတ်သီးမှို(Aflatoxin) အမျိုးအစားပေါင်း ၁၃ မျိုးရှိတဲ့အထဲမှာ Aflatoxin B1 ကတော့အတွေ့ရ အများဆုံးဖြစ်ပါတယ်။ Aflatoxinအဆိပ်ကိုAspergillusflavus & Aspergillusparasiticusဆိုတဲ့ မှိုတွေကနေထုတ်ပါတယ်။ ကင််ဆာသုတေသနဌာနများရဲ့ တွေ့ရှိချက်တွေအရ Aflatoxinကို “အဆင့် ၁” ကင်ဆာဖြစ်စေနိုင်တဲ့ အုပ်စုမှာထည့်ထားပါတယ်။
ငရုတ်သီးမှို (Aflatoxin)ကဘယ်လိုပုံစံဖြင့် လူတွေကိုဆိုးကျိုးပေးသလေ?
ငရုတ်သီးမှို (Aflatoxin) ကိုအလိုလျောက် ခန္ဓာကိုယ်ကတိုက်ထုတ်ပေးမယ့် ခုခံအားစနစ်မျိုး ဘယ်သက်ရှိသတ်တ၀ါမှာမှမရှိပါ။ လူ့ ခန္ဓာကိုယ်မှာရှိတဲ့ ခုခံအားစနစ်ကAflatoxinအဆိပ်ကိုအချိန်အတိုင်းအတာတစ်ခုအထိတော့ ခံနိုင်ရည်ရှိပါတယ်။ မှိုရှိနေတဲ့ မြေပဲ၊ ငရုတ်သီး၊ စတဲ့အစားအစာတွေကိုမသိလိုက်ဘဲတစ်ခါတည်းအများကြီးစားသုံးမိတာကြောင့် Aflatoxinအဆိပ်မိပြီးအသည်းကင်ဆာဖြစ်လာနိုင်သလို ၊ မှိုပါဝင်နေသော အစားအစာများအားနည်းနည်းချင်းစီစားသုံးမိရာကနေလည်းအချိန်ကြာလာတာနှင့် အမျှ အသည်းကင်ဆာရောဂါဖြစ်လာနိုင်ပါသည်။
•ပျို့အန်ခြင်း
•ဗိုက်အောင့်ခြင်း
•အဆုတ်ပတ်လည်တွင် အရည်စုခြင်း
•ဦနှောက်တွင် အရည်အိတ်တည်ခြင်း
•အသည်းကိုအဓိကဒုက္ခပေးခြင်း
•နှလုံး နှင့် ကျောက်ကပ်အားဒုက္ခပေးခြင်း
•အသက်သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ Aflatoxinကိုတစ်ကြိမ်တည်းအများကြီးစားမိပြီး အဆိပ်သင့်တာမျိုးဖြစ်စေနိုင်ပေမယ့် ရှားပါတယ်။ သတိမပြုမိဘဲနည်းနည်းချင်းစီစားမိရာကနေအချိန်ကြာလာတာနှင့်အမျှ အသည်းကင်ဆာဖြစ်လာတာတော့ ပိုအဖြစ်များပါတယ်။ အသည်းကင်ဆာဖြစ်တာကတော့ အဆိုးဆုံးပေါ့။ Aflatoxinကအစာခြေစနစ်ကိုလည်း ဒုက္ခပေးနိုင်ပါသေးတယ်။



No comments:

Post a Comment