Pages

Tuesday, January 14, 2020

နနွင်းအသုံးဝင်ပုံ အဖုံဖုံ

လူမသိကြသေးသော နနွင်းအသုံးဝင်ပုံ

မြန်မာ ဆေးကျမ်း များအလို အရ နနွင်း သည် ပူ၏။ စပ်ရှားရှား အရသာ ရှိ၏။ ခါးသက်၍ ဆိမ့်သော အရသာ အနည်းငယ် ရှိ၏။ ကိုယ်ရေ နွေးစေ၏။ ပူသော ဂုဏ်သတ္တိ ရှိ၏။ လေကို နိုင်၏။ ဝမ်းမီးကို တောက်စေ၍ အစာ မကြေရောဂါ ကို ပျောက်ကင်း စေတတ်၏။

အသုံးပြုပုံ(ဥတက်)ပြင်ဆင်

နနွင်း သည် ရောဂါ အမျိုးမျိုးတို့ ကို ပယ်နိုင်၍ အသက်ရှည် စေသော ဆေးအဖြစ် ထင်ရှား၏။ နနွင်းကို ငန်းဆေး အမျိုးမျိုး၊ မျက်စိ ဆေး အမျိုးမျိုး၊ ဒူလာ ဝမ်းရပ်ဆေး အမျိုးမျိုး၊ လိမ်းဆေး အမျိုးမျိုး၊ မှိုင်းဆေး အမျိုးမျိုး ဖော်စပ် ရာတွင် အသုံးပြု၏။

ကိုယ်ဝန်ဆောင် စဉ် အတွင်း ဖျားခြင်း၊ သားဖွားပြီး သွေးတက်ခြင်း၊ သွေးပုပ် ကျန်ခြင်း၊ သွေးမသန့် ခြင်း၊ မီးဖွားပြီး နောက် ချိနဲ့ခြင်း၊ အသား အေးခြင်း၊ သားမြတ် ကိုက်ခြင်း၊ ရောင်ခြင်း၊ မီးယပ် သွေးဖော ဖြစ်ခြင်း ၊ ယားယံ ခြင်း တို့အတွက် နနွင်းကို အမှုန့်ပြုကာ ရေနှင့်ဖျော်၍ လိမ်းပေးခြင်း၊ သောက်ပေး ခြင်း၊ မှိုင်းရှူပေးခြင်း၊ ရေနွေး နှင့် ပြုတ်၍ ရေချိုးပေး ခြင်း၊ ကြပ်ထုပ် ထိုးပေး ခြင်း တို့ဖြင့် ပျောက်ကင်းစေနိုင်၏။

သားအိမ် မသန့် သော ရောဂါ၊ မျက်စိကိုက်၊ နှာစေး အဖျား ရောဂါတို့ အတွက်လည်း နနွင်း ကို ဆေးဖက် အဖြစ် အသုံး ပြုရ၏။

နနွင်း ကို လက်ထုပ် ခေါက်မှုန့် နှင့် ရော၍ ရျေနှင့် ကျိုပြီး ပျားရည် သင့်ရုံ စပ်၍ သောက်ပါက သွေးအန်၊ သွေးလျှံ၊ သွေးဝမ်း ရောဂါ များ ပျောက်၏။

သွားဖုံး ရောင်ခြင်း၊ သွားနာခြင်း၊ ကိုက်ခဲ ခြင်းတို့အတွက် နနွင်းမှုန့်ကို ရေနွေးနှင့် ဖျော်၍ ငုံပေးခြင်း၊ ဆားနိုင် နိုင် ထည့်သောက်ခြင်း၊ သွားရင်းတွင် သိပ်ပေး ခြင်းဖြင့် ပျောက်ကင်း စေ၏။

နနွင်း သည် ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်၊ ဝမ်းလျှော ရောဂါ တို့ကို ပျောက်ကင်း စေ၏။

နနွင်း ကို ဆားအနည်းငယ် ခတ်၍ တစ်နေ့ ၃ ကြိမ် သောက် သော် လေထိုး လေအောင့် ရောဂါ ပျောက်၏။

အကျိတ်နာ၊ ထိခိုက် ရှနာခြင်း၊ အတွင်းကြေ ဒဏ်ရာ ရခြင်းတို့ အတွက် နနွင်းနှင့် ထုံးကို ရောစပ် လိမ်းပေးခြင်း၊ ဒဏ်ရာ မှ သွေးထွက် လွန်ခြင်းတို့ အတွက် နနွင်းမှုန့် သိပ်ပေးခြင်း တို့ဖြင့် ပျောက်ကင်း စေနိုင်၏။

နနွင်းကို သကြားနီ ခဲနှင့် ရောစပ်၍ ဆန်ဆေးရည် နှင့် သောက်သုံးပါက သားအိမ်တွင် ကျောက်တည်ခြင်း ပျောက်၏။

နနွင်းမှုန့်၊ ဆီးဖြူသီးရည်၊ ပျားရည် သုံးမျိုး ရောသောက် သော် ဆီးပူ၊ ဆီးအောင့် မှစ၍ ဆီးရောဂါ အမျိုးမျိုး ပျောက်၏။

နနွင်းဥ ကို ပါးပါးလှီး၍ နေရိပ်တွင် လှန်းပြီး ပျားရည်နှင့် တစ်ကြိမ် ၃ ပြား၊ တစ်နေ့ တစ်ကြိမ် သောက်သော် အစာအိမ် ရောဂါ ပျောက်၏။

No comments:

Post a Comment