နေ့လည်နေ့ခင်းမှာ ဘာမုန့်စားရမလဲလို့ စဉ်းစားရင်း
ခေါင်းခြောက် မနေပါနဲ့ .. ပူစပ်စပ်စားရတဲ့ 
လမ်းသရဲမုန့်လုပ်နည်းလေးကို ဝေမျှချင်ပါတယ်။
လမ်းသရဲမုန့်ပြုလုပ်ရန် လိုအပ်တဲ့ ပစ္စည်းတွေက
1. ဆန်အစိမ်းမှုန့် - ၁၀ ကျပ်သားတစ်ထုပ်
2. ကုလားပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ၃ ဇွန်း
3. ကော်မှုန့် - ထမင်းစားဇွန်း ၄ ဇွန်း
4. ကြက်ဥ - ၁ လုံး
5. ခရမ်းချဉ်သီး - ၃လုံး
6.  နနံပင် - ၁၀ ပင်
7.  ဂေါ်ဖီ - တစ်ခြမ်း
8.   ငရုတ်သီးစိမ်း - ၁၀ တောင့်
9.  ပဲပင်ပေါက် - ၂၀၀ ဂရမ်
10.  ပဲပြုတ် - ၂၀၀ ဂရမ် 
11.  ဆီ - ၅ ကျပ်သား
12.  ဆား - အနည်းငယ်
13.  ဟင်းခတ်မှုန့် အနည်းငယ်
14. မဆလာ -အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
• ရွေဗိမာန် ဆန် အစိမ်းမှုန့် ၁၀ ကျပ်သား တစ်ထုပ်နဲ့ ရွှေဗိမာန်ကော်မှုန့် ထမင်းစားဇွန်း လေးဇွန်း ၊ရွှေဗိမာန်  ကုလားပဲ အစိမ်းမှုန့် ထမင်းစားဇွန်းသုံးဇွန်း(မထည့်လဲရပါတယ်) ကို ရော ဆား နည်းနည်း၊ ဟင်းခတ်မှုန့်နည်းနည်းထည့် ကြက်ဥ တစ်လုံးဖောက်ထည့်ပါ။ 
• ပြီးရင် ရေ ထည့်ပြီးဖျော်ပါ။ ရေကို ကျဲကျဲလေးဖျော်ပါ။ မုန့်သားကျွတ်အောင်လို့ပါ။  မပျော်ပဲကျန်နေတဲ့ပဲမှုန်လေးတွေကို စစ် ဇကာ နဲ့စစ်ချပါ။ 
• မုန့်ရည် ဖျော်ထားပြီးရင် အထဲက အစာ အတွက် ဂေါ်ဖီ ခပ်ပါးပါး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ပဲပင်ပေါက်၊ ပဲပြုတ် ကိုကြိုက်တာလေးတွေ ထည့်ဖို့ အဆင်သင့် လှီးထားပါ။ 
• လမ်းသရဲမုန့်တစ်ခုစာ ဖျော်ပြီးသားမုန့်ရည်ကို ဇွန်းနဲ့ခပ်ယူပါ။ မုန့်တစ်ခုလုပ်ပြီးနောက်တစ်ခုလုပ်ရင် မုန့်ရည်လေးကိုသေချာလေးမွှေပေးပါ။ အနည်ထိုင်တတ်လို့ပါ။ ဒယ်အိုးထဲဆီအနည်းငယ်သာထည့်အပူပေးပါ။
• မုန့်ရည်လေးကို ထည့်တဲ့အခါ တစ်ခုစာအတွက် မှန်းပြီး ဇွန်းကြီးနဲ့ခပ် ဒယ်အိုးထဲထည့်ပြီးတာနဲ့ ချက်ချင်း ဒယ်အိုးလေးကို လက်ကိုင်ကနေ အလိုက်သင့်လေး စက်ဝိုင်းပုံ စောင်းပြီး အရည် လေးတွေ ဒယ်အိုးအနှံ့့ရောက်ပြီး မုန့်သားပါးပါးလေးရအောင် လုပ်ရပါမယ်။ 
• အဆင်သင့်လှီးထားတဲ့ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊  ပဲပင်ပေါက်၊ ပဲပြုတ် စတာတွေကို ဖြူးလိုက်ပါ။ 
• ပြီးနောက် ဆားအနည်းငယ် ဟင်းခတ်မှုန့်အနည်းငယ် နှင့် မဆလာ လေး ဖြူး ဆီကို မုန့်သားဘေးလေးတွေ နှင့် အပေါ်ကနေ နည်းနည်းဖြူးပေးပါ။  (ဆီဆမ်းခြင်းအားဖြင့် မုန့်ကိုကျွတ်ကျွတ်လေးဖြစ်စေပါတယ်။) 
• ထည့်တားတဲ့အစာပလာတွေ ကျက်သွားအောင်အဖုံးနဲ့ ဖုံးထားပါ
• ကျက်ပြီဆိုမှ အလယ်ကနေ ခေါက်လိုက်ပါ ပြီးလျှင် ပိုကျွတ်သွားအောင် ခေါက်ထားတဲ့အခေါက်ကို ဟိုဘက်ဒီဘက် လှန်ပေးပါ။ 
• ပီးရင် လမ်းသရဲမုန့်ပူစပ်စပ်လေးကို ရေနွေးကြမ်းလေးနဲ့ စားလိုက်ပါ... 😁😁😁
ရွှေဗိမာန်ပဲစိမ်းမှုန်. ရွှေဗိမာန် ကော်မှုန့် 
ရွှေဗိမာန်ဆန်မှုန်လူကြိးမင်းအလိုရှိရင် ဖုန်းလေးခေါ်လတ်ပါ.... 09792260533 / 09787996697



 
No comments:
Post a Comment