ဆိတ်နံရိုးနဲ့ ကုလားပဲကို ဆီပြန်ရေကျန်လေး ချက်စားချင်ရင်... ဒါလေး ဆုံးအောင်ဖတ်ကြည့်လိုက်ပါ
ပါဝင်ပစ္စည်း
1. ဆိတ်နံရိုး ၅၀ သား
2. ကုလားပဲ ၁၅ ကျပ်သား
3. ကြက်သွန်နီ ၁၀ သား
4. ကြက်သွန်ဖြူ ၁ လုံး
5. ချင်း လက် ၂ ဆစ်ခန့်
6. မဆလာ စားပွဲဇွန်း ၁ ဇွန်း
7. ပျဉ်းတော်သိမ် ၅ ခက်
8. နနွင်းမှုန့်
9. ငရုတ်သီးအစိမ်းမှုန့်
10. ဆီ
11. ဆား
12. အသားမှုန့်
ပြုလုပ်နည်း
၁။ ကုလားပဲကို ရေဆေးပြီး အနည်းဆုံး ၃ နာရီခန့် ရေစိမ်ပါ။
၂။ ဆိတ်နံရိုးများကို အနေတော်တုံးပြီး ရေဆေးကာ ရေစစ်သွားရင် နနွင်း၊ ဆား၊ အသားမှုန့်တို့နဲ့ နှံ့အောင်နယ်ပါ။ နာရီဝက်ခန့် နှပ်ထားပါ။
၃။ ကြက်သွန်ဖြူနီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ကို ညက်အောင်ပြုလုပ်ထားပေးပါ။
၄။ ကုလားပဲ စိမ်ရေကိုသွန်လိုက်ပြီး ရေအသစ်နဲ့ ၂ ခါ ၃ခါ လောက်ထပ်ဆေးပြီး ရေစစ်ထားလိုက်ပါ။
၅။ ချက်မည့်အိုးက ဆီပူရင်တော့ ညက်အောင်ပြုလုပ်ထားသည်များကို နနွင်း၊ ငရုတ်သီးအစိမ်းမှုန့်များနဲ့ ဆီသတ်ပေးပါ။ ကြက်သွန်များနွမ်းရင် ဆိတ်ရိုး၊ ကုလားပဲ၊ မဆလာတို့ ထည့်ပြီး အားလုံးကို နှံ့အောင်မွှေပါ။
၆။ ကုလားပဲနူးရုံ ရေနွေးထည့်ပြီး အဖုံးအုပ်ကာ မီးနည်းနည်းနဲ့ ချက်ပါ။ ဆိတ်ရိုးနဲ့ပဲနူးပြီး ဆီပြန်ရေကျန် အနေရောက်ရင် အရသာအတွက် ဆားနဲ့ အသားမှုန့်ကို ထည့်ပါ။ အနေတော်ရင် တော့ နောက်ဆုံးမှာ ပျဉ်းတော်သိမ်အရွက်များကို အုပ်လိုက်ပါ။
ဒါဆိုရင် ချက်တတ်ကြလောက်ပါဘီနော်..
နနွင်းမှုန့်တွေ ကုလားပဲခြမ်းတွေ မဝယ်ရသေးဘူးဆိုရင်
ရွှေဗိမာန်ကို ဖုန်းခေါ်လိုက်ပါ. 09792260533/09897996697.
Friday, January 17, 2020
ဝိတ်ကျဖို့ ကယ်လိုရီတွက်ပီး အစားနဲ့ဝိတ်ချကြရအောင်
နေ့စဉ်စားသုံးနေတဲ့အရာတွေက ကယ်လိုရီ ဘယ်လောက်ထိတက်နိုင်သလဲ
နေ့စဉ် စားသောက်လေ့ရှိသော ယေဘူယျအစားအသောက်များတွင် ပါဝင်သော ကယ်လိုရီပမာဏများကို တွက်ချက်ပြထားပါတယ်။
ဒီလို တွက်ပြတာတွေ ကြည့်ပြီးတော့ တစ်နေ့တာ ကယ်လိုရီ ဘယ်လောက် စားသုံးပြီးပြီလဲ၊ ဘယ်လောက် ပြန်အသုံးပြုပြီးပြီလဲဆို တွက်ချက်လို့ ရပါတယ်။
ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ဟာ တစ်နေ့ကို ၂၃၆၁ ကယ်လိုရီ စားသောက်မယ်ဆို ကိုယ်အလေးချိန် မတိုးမလျော့ ရှိနေပါမယ်။
တစ်နေ့ကို ၁၈၆၁ ကယ်လိုရီ စားသောက်မယ်ဆို ကိုယ်အလေးချိန် ၁ပတ်ကို ၁ပေါင် ကျနိုင်ပါတယ်။
တစ်နေ့ကို ၁၃၆၁ ကယ်လိုရီ စားသောက်မယ်ဆို ကိုယ်အလေးချိန် ၁ပတ်ကို ၂ပေါင် ကျနိုင်ပါတယ်။
တစ်နေ့ကို ၂၈၆၁ ကယ်လိုရီ စားသောက်မယ်ဆို ကိုယ်အလေးချိန် ၁ပတ်ကို ၁ပေါင် တက်နိုင်ပါတယ်။
တစ်နေ့ကို ၃၃၆၁ ကယ်လိုရီ စားသောက်မယ်ဆို ကိုယ်အလေးချိန် ၁ပတ်ကို ၂ပေါင် တက်နိုင်ပါတယ်။
အောက်ပါအစားအသောက်များက ဆီနှင့် အဆီများ မနည်းလွန်းမများလွန်း အခြေအနေမှာ ခန့်မှန်း တွက်ချက်ပြထားခြင်းဖြစ်ပါတယ်။ အစားအသောက်၏ အရွယ်အစားနှင့် ဆီပါဝင်မှု၊ သကြားပါဝင်မှုပေါ်မူတည်၍ ကယ်လိုရီ အနည်းအများ ကွာဟနိုင်ပါတယ်။
၁။ ဂျင်းသုပ် ၁ ပွဲ = ၅၁၂
၂။ ခရမ်းချဉ်သီးသုပ် ၁ပွဲ = ၁၁၇
၃။ ငါးဖယ်သုပ် ၁ပွဲ = ၁၃၀
၄။ ငါးကြင်းကြော် ၁တုံး = ၁၁၆
၅။ ငါးလေးဟင်း ၁ပွဲ = ၁၈၀
၆။ ဘဲဥဟင်း ၁ပွဲ = ၁၂၅
၇။ ပုဇွန်ဟင်း ၁ပွဲ = ၉၈
၈။ ဝက်သားဟင်း ၁ပွဲ = ၂၀၂
၉။ ကြက်သားဟင်း ၁ပွဲ = ၂၁၆
၁၀။ ခရမ်းချဉ်သီး ပုဇွန်ခြောက်နှပ် ၁ပွဲ = ၁၅၆
၁၁။ သီးမွှေးငှက်ပျောသီး ၁လုံး= ၁၄၀
၁၂။ စပျစ်သီး လက်တစ်ဆုပ် = ၈၃
၁၃။ နာနတ်သီး ပန်းကန်လုံး၁လုံး = ၇၅
၁၄။ ဖရဲသီး ပန်းကန်လုံး၁လုံး = ၃၈
၁၅။ သရက်သီးမှည့် ပန်းကန်လုံး၁လုံး = ၁၂၈
၁၆။ သဘောင်္သီး ပန်းကန်လုံး၁လုံး = ၆၃
၁၇။ ကျွဲကောသီး ပန်းကန်လုံး၁လုံး = ၄၀
၁၈။ လက်ဖက်သုပ် ၁ပွဲ = ၄၆၇
၁၉။ လက်ဖက်သုပ် ၁ဇွန်း = ၇၈
၂၀။ စမူဆာ ၁ခု = ၃၀
၂၁။ ဘူသီးကြော် ၁ခု = ၇၀
၂၂။ ကော်ပြန့်စိမ်း ၁ခု = ၄၀
၂၃။ ကော်ပြန့်ကြော် ၁ခု = ၇၀
၂၄။ ပေါင်မုန့် ၂ချပ် = ၁၅၀
၂၅။ ပေါင်မုန့် ထောပတ်သုပ် ၁ချပ် = ၁၁၉
၂၆။ ကိတ်မုန့် ၁ချပ် = ၁၁၈
၂၇။ ကြက်သား ဟမ်ဘာဂါ = ၅၈၀
၂၈။ ဒိုးနတ်မုန့် ၁ခု = ၂၁၀
၂၉။ ချိစ် ဆန်းဒွတ်စ် = ၁၃၀
၃၀။ အစုံသုပ် ၁ပွဲ = ၃၇၀
၃၁။ နန်းကြီးသုပ် ၁ပွဲ = ၇၃၅
၃၂။ ရှမ်းခေါက်ဆွဲ ၁ပွဲ = ၇၄၅
၃၃။ မုန့်ဟင်းခါ ၁ပွဲ = ၂၆၈
၃၄။ အုန်းနို့ခေါက်ဆွဲ ၁ပွဲ = ၄၆၆
၃၅။ ရခိုင်မုန့်တီ ၁ပွဲ = ၁၂၆
၃၆။ ကြက်သား ဆီချက်ခေါက်ဆွဲ ၁ပွဲ = ၄၇၅
၃၇။ ကြက်သားကြေးအိုး ၁ပွဲ = ၁၅၈၈
၃၈။ ဘယာကြော် ၁ခု = ၁၉၄
၃၉။ ထမင်း ပန်းလုံး ၁လုံး ( ၆ဇွန်းစာ) = ၁၈၇
၄၀။ ထမင်း ပန်းကန်ပြား ၁ပြား ( ၉ ဇွန်းစာ ) = ၂၈၀
၄၁။ ကြက်သားဒံပေါက် ၁ပွဲ = ၇၀၈
၄၂။ ကြက်သား ခေါက်ဆွဲကြော် ၁ပွဲ = ၅၉၄
၄၃။ ပဲပြုတ်ထမင်းဆီဆမ်း ၁ပန်းကန် = ၄၃၅
၄၄။ ပဲပြုတ်ထမင်းကြော် ၁ပန်းကန် = ၄၂၆
၄၅။ ထမင်းပေါင်း ၁ပန်းကန် = ၄၇၅
၄၆။ တို့ဟူးသုပ် ၁ပွဲ = ၁၉၅
၄၇။ သာကူ မုန့်ဖတ်ထုပ် ၁ထုပ် = ၁၂၁
၄၈။ အားလူးကြော် ၁ထုပ် (အဖတ်၂၀) = ၁၇၇
၄၉။ ငါးမုန့်ကြော် ၁ထုပ် = ၁၄၀
၅၀။ ကြက်ဥကြော် ၁လုံး = ၁၂၉
၅၁။ ကြက်ဥပြုတ် ၁လုံး = ၈၀
၅၂။ ပြောင်းဖူးပြုတ် ၁ခု = ၃၅၀
၅၃။ ဂေါ်ရခါးသီးပြုတ် ၁လုံး = ၂၇
၅၄။ ရုံးပတီသီး + ပုဇွန်ခြောက်ကြော် ပန်းကန်းလုံး ၁လုံး = ၁၃၀
၅၅။ ကန်ဇွန်းရွက်ကြော် ၃ဇွန်း = ၄၁
၅၆။ ကြက်သားဘူးသီးဟင်း ပန်းကန်လုံး ၁လုံး = ၉၅
၅၇။ နံပြား ၁ချပ် = ၂၂၆
၅၈။ ပေါက်စီ ၁လုံး = ၃၄၀
၅၉။ ပဲပလာတာ ၁ချပ် = ၃၇၇
၆၀။ အီကြာကွေး ၁ချောင်း = ၃၁၄
၆၁။ ဆီထမင်း ၁ပွဲ = ၁၈၇
၆၂။ ပဲပြုတ်ကောက်ညှင်းပေါင်း ၁ပွဲ = ၂၁၇
၆၃။ မုန့်ကျွဲသဲ ၁ပွဲ = ၅၆
၆၄။ ထန်းသီးမုန့် ၁ပွဲ = ၁၂၀
၆၅။ မုန့်လင်မယား ၁ပွဲ = ၇၃
၆၆။ ဘိန်းမုန့် ၁ချပ် = ၂၈၆
၆၇။ ကော်ဖီ + ပေါင်မုန့်ကြက်ဥကြော် = ၃၉၃
၆၈။ ကော်ဖီ + ပေါင်မုန့်ထောပတ်သုပ် = ၄၅၂
၆၉။ ကော်ဖီ + ပဲပြုတ်ထမင်းကြော် = ၅၁၁
၇၀။ ကော်ဖီ + ပဲပြုတ်ထမင်းဆီဆမ်း = ၅၁၉
၇၁။ ကော်ဖီ + မုန့်ဟင်းခါး = ၃၅၃
၇၂။ ကော်ဖီ + အုန့်နို့ခေါက်ဆွဲ = ၅၅၀
၇၃။ ထမင်း + ဝက်သားဟင်း + ကန်စွန်းရွက်ကြော် +
သီးစုံချဉ်ရည်ဟင်း + သရက်သီးမှည့် = ၇၂၅
၇၄။ ထမင်း + ကြက်သားဟင်း + ပဲသီးကြော် + ချဉ်ပေါင်ဟင်း + ဖရဲသီး = ၇၀၆
၇၅။ ထမင်း + ငါးဖယ်သုပ် + ဗူးညွန့်ကြော်ချက် + ပဲကြီးဆူးပုပ် + စပျစ်သီး = ၆၅၄
၇၆။ နို့ ၁ဖန်ခွက် = ၁၆၈
၇၇။ ကော်ဖီ ၁ခွက် = ၈၄
၇၈။ ကိုကာကိုလာ ၁ဗူး = ၁၄0
၇၉။ လိမ္မော်ရည် ၁ခွက် = ၁၁၅
၈၀။ စတော်ဘယ်ရီယို ၁ဇွန်း = ၂၃
၈၁။ ထောပတ် ၁ဇွန်း = ၇၆
အခုတစ်ခါ နေ့စဉ် လှုပ်ရှားမှုတွေ အားကစားတွေကနေပြီးတော့ ကယ်လိုရီ ဘယ်လောက် ပြန်ကုန်ဆုံးသွားနိုင်တယ်ဆိုတာ ထပ်ကြည့်လိုက်ရအောင်။ အောက်ပါလှုပ်ရှားမှုတွေကို ပုံမှန်အတိုင်း မိနစ် ၃၀ စာပေါ် မူတည်ပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။
၁။ လှေကားတက် = ၂၇၃
၂။ ဥယျာဉ်ပြုစု၊ ပေါင်းသင် = ၁၅၃
၃။ လမ်းလျောက် ( ၁နာရီ ၃မိုင်နှုန်း) = ၁၂၀
၄။ တံမြတ်စည်းလှည်း = ၈၄
၅။ သာမာန် လှုပ်လှုပ်ရှားရှား ပေါ့ပေါ့ပါးပါးအလုပ် = ၆၉
၆။ ထိုင်နေခြင်း = ၆၀
၇။ အိပ်နေခြင်း = ၃၃
၈။ ထိုင်ထ = ၄၁၁
၉။ ရေကူး = ၃၇၅
၁၀။ ကြိုးခုန် = ၃၃၃
၁၁။ ဘောလုံးကန် = ၃၂၁
၁၂။ ဘတ်စကတ်ဘော = ၂၇၃
၁၃။ စက်ဘီစီး ( ၁နာရီ ၁၂မိုင်) = ၂၇၃
၁၄။ ပြေးခုန် ( ၁နာရီ ၅မိုင်) = ၂၇၃
၁၅။ တင်းနစ်၊ ထွေပစ် = ၂၇၃
၁၆။ အေရိုးဗစ် အက = ၂၅၈
၁၇။ ကြက်တောင်ရိုက် = ၁၅၃
၁၈။ ဂေါက်သီးရိုက် = ၁၅၃
၁၉။ စားပွဲတင် တင်းနစ် = ၁၃၈
၂၀။ ယောဂကျင့်စဉ် = ၁၁၇
၂၁။ ဘိုးလင်းပစ် = ၁၀၂
Thursday, January 16, 2020
လမ်းသရဲမှုန့် လုပ်ကြည့်ကြမယ်
နေ့လည်နေ့ခင်းမှာ ဘာမုန့်စားရမလဲလို့ စဉ်းစားရင်း
ခေါင်းခြောက် မနေပါနဲ့ .. ပူစပ်စပ်စားရတဲ့
လမ်းသရဲမုန့်လုပ်နည်းလေးကို ဝေမျှချင်ပါတယ်။
လမ်းသရဲမုန့်ပြုလုပ်ရန် လိုအပ်တဲ့ ပစ္စည်းတွေက
1. ဆန်အစိမ်းမှုန့် - ၁၀ ကျပ်သားတစ်ထုပ်
2. ကုလားပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ၃ ဇွန်း
3. ကော်မှုန့် - ထမင်းစားဇွန်း ၄ ဇွန်း
4. ကြက်ဥ - ၁ လုံး
5. ခရမ်းချဉ်သီး - ၃လုံး
6. နနံပင် - ၁၀ ပင်
7. ဂေါ်ဖီ - တစ်ခြမ်း
8. ငရုတ်သီးစိမ်း - ၁၀ တောင့်
9. ပဲပင်ပေါက် - ၂၀၀ ဂရမ်
10. ပဲပြုတ် - ၂၀၀ ဂရမ်
11. ဆီ - ၅ ကျပ်သား
12. ဆား - အနည်းငယ်
13. ဟင်းခတ်မှုန့် အနည်းငယ်
14. မဆလာ -အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
• ရွေဗိမာန် ဆန် အစိမ်းမှုန့် ၁၀ ကျပ်သား တစ်ထုပ်နဲ့ ရွှေဗိမာန်ကော်မှုန့် ထမင်းစားဇွန်း လေးဇွန်း ၊ရွှေဗိမာန် ကုလားပဲ အစိမ်းမှုန့် ထမင်းစားဇွန်းသုံးဇွန်း(မထည့်လဲရပါတယ်) ကို ရော ဆား နည်းနည်း၊ ဟင်းခတ်မှုန့်နည်းနည်းထည့် ကြက်ဥ တစ်လုံးဖောက်ထည့်ပါ။
• ပြီးရင် ရေ ထည့်ပြီးဖျော်ပါ။ ရေကို ကျဲကျဲလေးဖျော်ပါ။ မုန့်သားကျွတ်အောင်လို့ပါ။ မပျော်ပဲကျန်နေတဲ့ပဲမှုန်လေးတွေကို စစ် ဇကာ နဲ့စစ်ချပါ။
• မုန့်ရည် ဖျော်ထားပြီးရင် အထဲက အစာ အတွက် ဂေါ်ဖီ ခပ်ပါးပါး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ပဲပင်ပေါက်၊ ပဲပြုတ် ကိုကြိုက်တာလေးတွေ ထည့်ဖို့ အဆင်သင့် လှီးထားပါ။
• လမ်းသရဲမုန့်တစ်ခုစာ ဖျော်ပြီးသားမုန့်ရည်ကို ဇွန်းနဲ့ခပ်ယူပါ။ မုန့်တစ်ခုလုပ်ပြီးနောက်တစ်ခုလုပ်ရင် မုန့်ရည်လေးကိုသေချာလေးမွှေပေးပါ။ အနည်ထိုင်တတ်လို့ပါ။ ဒယ်အိုးထဲဆီအနည်းငယ်သာထည့်အပူပေးပါ။
• မုန့်ရည်လေးကို ထည့်တဲ့အခါ တစ်ခုစာအတွက် မှန်းပြီး ဇွန်းကြီးနဲ့ခပ် ဒယ်အိုးထဲထည့်ပြီးတာနဲ့ ချက်ချင်း ဒယ်အိုးလေးကို လက်ကိုင်ကနေ အလိုက်သင့်လေး စက်ဝိုင်းပုံ စောင်းပြီး အရည် လေးတွေ ဒယ်အိုးအနှံ့့ရောက်ပြီး မုန့်သားပါးပါးလေးရအောင် လုပ်ရပါမယ်။
• အဆင်သင့်လှီးထားတဲ့ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ပဲပင်ပေါက်၊ ပဲပြုတ် စတာတွေကို ဖြူးလိုက်ပါ။
• ပြီးနောက် ဆားအနည်းငယ် ဟင်းခတ်မှုန့်အနည်းငယ် နှင့် မဆလာ လေး ဖြူး ဆီကို မုန့်သားဘေးလေးတွေ နှင့် အပေါ်ကနေ နည်းနည်းဖြူးပေးပါ။ (ဆီဆမ်းခြင်းအားဖြင့် မုန့်ကိုကျွတ်ကျွတ်လေးဖြစ်စေပါတယ်။)
• ထည့်တားတဲ့အစာပလာတွေ ကျက်သွားအောင်အဖုံးနဲ့ ဖုံးထားပါ
• ကျက်ပြီဆိုမှ အလယ်ကနေ ခေါက်လိုက်ပါ ပြီးလျှင် ပိုကျွတ်သွားအောင် ခေါက်ထားတဲ့အခေါက်ကို ဟိုဘက်ဒီဘက် လှန်ပေးပါ။
• ပီးရင် လမ်းသရဲမုန့်ပူစပ်စပ်လေးကို ရေနွေးကြမ်းလေးနဲ့ စားလိုက်ပါ... 😁😁😁
ရွှေဗိမာန်ပဲစိမ်းမှုန်. ရွှေဗိမာန် ကော်မှုန့်
ရွှေဗိမာန်ဆန်မှုန်လူကြိးမင်းအလိုရှိရင် ဖုန်းလေးခေါ်လတ်ပါ.... 09792260533 / 09787996697

Wednesday, January 15, 2020
ပဲအကျက်မှုန့် ကိုယ်တိုင်အိမ်မှာ အလွယ်ပြုလုပ်နည်းလေးပါ
အသုပ်မျိုးစုံ သုပ်စားရင် ထဲ့သုံးလေ့ရှိတဲ့ ပဲအကျက်မှုန့် လှော်နည်းလေးပါ....
မီးအပူပေး လှော်ရတာ လွယ်ကူပေမဲ့ မီးအချိန်အဆ မမှန်ရင်တော့ ကျွမ်းသွားတာ မကျက်တတ်တာတို့ ဖြစ်တတ်ပါတယ်..သတိထားပြီး လှော်စေချင်ပါတယ် ..
• အရင်ဆုံး ရွှေဗိမာန်ပဲမှုန့်အစိမ်း ၁၀သားထုပ် (163ဂရမ်) အထုတ်လေး တထုတ်စာကို ပဲကျက်လှော်ဖို့ အသင့်ယူထားပါ..
• လှော်ပြီဆိုတာနဲ့ အသားထူတဲ့ ဒယ်အိုးကို အပူပေးပါ
• ပါးတဲ့ ဒယ်အိုးဆိုရင် ပဲမှုန့်ကသေချာ မကျက်ဘဲ ခနလေးနဲ့ ကျွမ်းပြီး မဲသွားတတ်ပါတယ်
• ဒယ်အိုး ပူလာတာနဲ့ မီးကိုအနေတော်လျှော့ပြီးမှ ပဲအစိမ်းမှုန့်ကို ထည့်ပေးကာ လှော်ပေးပါ
• မီးပြင်းရင် အရောင်မည်းပြီး ကျွမ်းလွယ်တဲ့အတွက် မီးအနေတော်နဲ့ လှော်တာ အကောင်းဆုံးပါ
• လှော်နေစဉ် အကျက်ညီစေရန်နှင့် လှော်နေစဉ် ပဲအခဲလေးများ ဖြစ်တတ်တဲ့အတွက် သစ်သားယောင်းမဖြင့် အဆက်မပြတ် မွှေမွှေပေးပြီး ဖိဖိချေပေးပါ
• ပဲမှုန့်အားလုံး ရွှေအိုရောင် သန်းလာပြီး မွှေးလာပြီဆိုရင် ဇလုံကျယ်ကျယ် (သို့မဟုတ်) လင်ဗန်း ( သို့မဟုတ်) စကောထဲကိုထည့်ပြီး အအေးခံပါ
• အအေးခံထားသော ပဲအလှော်မှုန့်များကို အသုပ်မျိုးစုံ သုပ်စားရန်အတွက် လေလုံပြီး ခြောက်သွေ့သော ဖန်ပုလင်းထဲမှာထည့်ပြီး လိုအပ်သောအချိန် သုံးနိူင်ရန် သိမ်းထားနိူင်ပါတယ်။
သည်လိုမှ ကိုယ်တိုင်ပြုလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင်
အနံ့မွှေးမွှေးရွှေဗိမာန်ပဲကျက်မှုန့်ကို ph 09792260533/097879967 ကို ဖုန်းဆက်ပီး မှာယူလိုက်ပါ....

ရှမ်း တိုဟူးနွေးလုပ်နည်း
တို့ဟူးနွေးပြုလုပ်နည်းလေးပါ
တို့ဟူးနွေးက ရှမ်းပြည်ရဲ့ မနက်စာ ဖြစ်ပါ.. ရှမ်းပြည်မှာတော့ ရွှေပဲရွက်လေး ထည့်စားကြပါတယ်။ မြေပြန့်မှာတော့ ရေမုန်ညှင်း၊ မုန်ညှင်းရွက် အစ ရှိသဖြင့် ထည့်နိုင်ပါတယ်။
ချက်နည်းမခက်ပါဘူး
- ကြက်သား (သို့မဟုတ်) ဝက်သား
- တို့ဟူးမှုန့်
- ဆန်ဆီးခေါက်ဆွဲ
- အရွက်(ရွှေပဲရွက် ၊ ရေမုန်ညှင်း၊ မုန်ညှင်းရွက်)
- ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ
- ငရုတ်သီးအရောင်တင်မှုန့်၊ နနွင်းမှုန့်
- ဆား၊ ဟင်းခတ်မှုန့်၊ သကြား
- နံနံပင်၊ ကြက်သွန်မိတ်၊ မြေပဲဆံထောင်း
- နှမ်း၊ ပဲငံပြာရည်အကြည်၊ ကြာညို့၊ ငရုတ်ဆီ
- ကြက်သွန်ဖြူ ဆီချက် ..
အရင်ဆုံး
ကြက်သို့မဟုတ် ဝက်သားကို တို့ဟူးနွေးနဲ့ရောစားဖို့ အရင်ဆုံး ဂျင်း၊ ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီး အရောင်တင်မှုန့်၊ နနွင်း အနည်းယေ်ထည့်ပြီး ဆီသတ်ပါ..
အရသာအတွက်တော့ အပေါ့အငန် ချိန်ပြီးထည့်နိုင်ပါတယ်။
တိုးဟူးနွေး ကျိုရန်အတွက် အရင်ဆုံး တို့ဟူးမှုန့်ကို နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ရေအေးဖြင့် ခပ်ပျစ်ပျစ်လေး ဖျော်ထားပါ
တို့ဟူး ကျိုမယ့်အိုးထဲကို ရေ ၁လီတာ (တိုဟူးမှုန့် ၂၅ကျပ်သား ) ထည့်ပြီး ဆူလာတဲ့အထိတည်ရပါမယ်။
ဆူလာရင်တော့ ခုဏက ဖျော်ထားတဲ့ တို့ဟူးဖျော်ရေကို ဖြည်းဖြည်းချင်း လောင်းထည့်ပါ,
ပြီးရင်ဖြင့် အရသာအတွက် ဆား၊ ဟင်းခတ်မှုန့်၊ သကြား အနည်းငယ်ထည့်ပြီး မီးအေးအေးလေးထားပြီး အဆက်မပြတ် မွှေပေးပါ..
လိုချင်တဲ့ အနေအထားရောက်ရင်ဖြင့် တိုဟူးနွေးကို စတင်ပြင်ဆင်နိုင်ပါပြီ။
ဆန်ဆီးခေါက်ဆွဲကို အရွက်ကလေးပါ ထည့်ပြီး ၁မိနစ်လောက် ရေနွေးပွက်ပွက်ဆူထဲ ခဏထားပြီး ပြန်ဆယ်ကာ တိုဟူးနွေး ပြင်ဆင်မယ့် ပန်းကန်ထဲထည့်၊ အပေါ်ကနေ တို့ဟူးနွေး လောင်းထည့်ပါ။
နံနံပင်၊ ကြက်သွန်မိတ်ထည့်၊ ထောင်းထားတဲ့ မြေပဲဆံ၊ နှမ်းထည့်၊ ချက်ထားတဲ့ ကြက်သားသို့မဟုတ် ဝက်သားထည့်ပါ။
ပဲငံပြာရည် အကြည်၊ ကြာညို့၊ ငရုတ်ဆီ၊ ငရုတ်သီးအရောင်တင်မှုန့်ကိုကို ဆီသတ်ထားတဲ့ ဆီတို့ထည့်ပြီး အပေါ်ကနေ ကြက်သွန်ဖြူ ဆီချက်ကလေးဖြူးပြီး အသင့်သုံးဆောင်နိုပါပီ..
ပုဇွန်ခြောက် ငရုတ်သီး ကြော် ပြုလုပ်နည်း
ပုဇွန်ခြောက် ငရုတ်သီးကြော် ပြုလုပ်နည်း....
ပါဝင်ပစ္စည်းများ
---------–--------------
1.ပုဇွန်ခြောက် ၁၀ ကျပ်သား
2.ငရုတ်သီး အကြမ်းမှုန့် ၅ကျပ်သား
3.ဆီ ၁၀ ကျပ်သား
4.ကြက်သွန်နီ အနေတော် ၅ လုံး
5.ကြက်သွန်ဖြူ ၅မွှာ
6.ဆား အနည်းငယ်
ပြုလုပ်နည်း
ငရုတ်သီး အတောင့်ဆိုပါက ငရုတ်ဆုံတွင် ညက်နေအောင်ထောင်းထားပါ
ပုဇွန်ခြောက် ကိုရေစင်အောင်ဆေး ရေစစ်ထားပြီး အကောင်လိုက်ကြိုက်ပါက ဒီတိုင်းထား၍ အမှုန့်ကြိုက်ပါက ဆုံတွင်ထောင်းထားပါ
ကြက်သွန်နီ အခွံသင် အကွင်းလိုက် ပါးပါးလှီးထားပါ
ကြက်သွန်ဖြူ ဓားပြားရိုက် / ထောင်းထားပါ
ဒယ်အိုးအတွင်း ဆီထည့် ဆီပူလာပါက ကြက်သွန်နီ ထည့်ကြော်
ကြက်သွန်နီများ အရောင်ပြောင်းပါက အဖြူထည့်ပါ
ကြက်သွန် နီ/ ဖြူ များ ရွှေရောင် ပြောင်းပါက ထောင်းထားသော ပုဇွန်ခြောက် / အကောင်လ်ုက် ထည့်ကြော်ပါ ပွဇွန်များ ကြွတ်လာပါက ငရုတ်သီး များထည့်ပါ မီးလျှော၍ နှံ့စပ်အောင်မွှေပေးပ
ငရုတ်သီးတွင် ဆားပါ ပါက ဆားထည့်ရန်မလိုပါ
မီးဖိုပေါ်မှချကာ လေလုံသော ဗူး / ပုလင်းများတွင်ထည့်၍ ရက်ရှည်ထား စားသောက်နိုင်ပါသည်
တစ်ချိူ့ကတော့ ငရုတ်သီးပုဇွန်ခြောက်ကြော်ကို အစို ကြော် ကြပြီး ကြွတ်နေအောင်ကြော် သည်ကတော့ ရက်ကြာ အထားခံ ပါသည်

Tuesday, January 14, 2020
ငရုတ်သီးမှိုဆိုတာ ဘာလဲ
မြန်မာ့အစားအစာမှာ ငရုတ်သီးအစပ်ဟင်းဆိုတာ လုံး၀ပြေးမလွတ်ပါဘူး။ မြန်မာလူမျိုးတော်တော်များများကငရုတ်သီးအင်မတန်ကြိုက်ကြတဲ့ လူမျိုးတွေဖြစ်ကြပါတယ်။ တစ်နေ့တစ်နေ့ ဘာဟင်းပဲချက်ချက် အနည်းဆုံးအစပ်ဟင်းလေးတစ်ခွက်ကတော့ ပါလိုက်ရမှ။ ငရုတ်သီးတောင့် ၊ ငရုတ်သီးလေးစိပ်ခွဲ၊ အလှော်မှုန့် ၊ အစိမ်းမှုန့် ၊ အရောင်တင်မှုန့် စတာတွေကိုဆိုင်ကဝယ်စားရင်စား၊မဟုတ်ရင်လည်း အိမ်မှာသိမ်းထားပြီးစားတတ်ကြပါတယ်။ ဒါကြောင့် နေ့စဉ်ဟင်းချက်ရာမှာမပါမဖြစ် ဖြစ်တဲ့ ငရုတ်သီးမှာကပ်နေတတ်တဲ့ မှိုရောဂါ အကြောင်းကိုတော့ သိထားသင့်ဖို့လိုပါတယ်။
ငရုတ်သီးမှို(Aflatoxin) ဆိုတာဘာလဲ?
ငရုတ်သီးမှို(Aflatoxin) ဆိုတာက လူတွေကိုခြောက်လှန့်နေတဲ့ “ ကင်ဆာရောဂါ” ကို အဓိကဖြစ်စေတဲ့ မှိုတစ်မျိုးဖြစ်ပါတယ်။ ငရုတ်သီးမှို(Aflatoxin) အမျိုးအစားပေါင်း ၁၃ မျိုးရှိတဲ့အထဲမှာ Aflatoxin B1 ကတော့အတွေ့ရ အများဆုံးဖြစ်ပါတယ်။ Aflatoxinအဆိပ်ကိုAspergillusflavus & Aspergillusparasiticusဆိုတဲ့ မှိုတွေကနေထုတ်ပါတယ်။ ကင််ဆာသုတေသနဌာနများရဲ့ တွေ့ရှိချက်တွေအရ Aflatoxinကို “အဆင့် ၁” ကင်ဆာဖြစ်စေနိုင်တဲ့ အုပ်စုမှာထည့်ထားပါတယ်။
ငရုတ်သီးမှို (Aflatoxin)ကဘယ်လိုပုံစံဖြင့် လူတွေကိုဆိုးကျိုးပေးသလေ?
ငရုတ်သီးမှို (Aflatoxin) ကိုအလိုလျောက် ခန္ဓာကိုယ်ကတိုက်ထုတ်ပေးမယ့် ခုခံအားစနစ်မျိုး ဘယ်သက်ရှိသတ်တ၀ါမှာမှမရှိပါ။ လူ့ ခန္ဓာကိုယ်မှာရှိတဲ့ ခုခံအားစနစ်ကAflatoxinအဆိပ်ကိုအချိန်အတိုင်းအတာတစ်ခုအထိတော့ ခံနိုင်ရည်ရှိပါတယ်။ မှိုရှိနေတဲ့ မြေပဲ၊ ငရုတ်သီး၊ စတဲ့အစားအစာတွေကိုမသိလိုက်ဘဲတစ်ခါတည်းအများကြီးစားသုံးမိတာကြောင့် Aflatoxinအဆိပ်မိပြီးအသည်းကင်ဆာဖြစ်လာနိုင်သလို ၊ မှိုပါဝင်နေသော အစားအစာများအားနည်းနည်းချင်းစီစားသုံးမိရာကနေလည်းအချိန်ကြာလာတာနှင့် အမျှ အသည်းကင်ဆာရောဂါဖြစ်လာနိုင်ပါသည်။
•ပျို့အန်ခြင်း
•ဗိုက်အောင့်ခြင်း
•အဆုတ်ပတ်လည်တွင် အရည်စုခြင်း
•ဦနှောက်တွင် အရည်အိတ်တည်ခြင်း
•အသည်းကိုအဓိကဒုက္ခပေးခြင်း
•နှလုံး နှင့် ကျောက်ကပ်အားဒုက္ခပေးခြင်း
•အသက်သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ Aflatoxinကိုတစ်ကြိမ်တည်းအများကြီးစားမိပြီး အဆိပ်သင့်တာမျိုးဖြစ်စေနိုင်ပေမယ့် ရှားပါတယ်။ သတိမပြုမိဘဲနည်းနည်းချင်းစီစားမိရာကနေအချိန်ကြာလာတာနှင့်အမျှ အသည်းကင်ဆာဖြစ်လာတာတော့ ပိုအဖြစ်များပါတယ်။ အသည်းကင်ဆာဖြစ်တာကတော့ အဆိုးဆုံးပေါ့။ Aflatoxinကအစာခြေစနစ်ကိုလည်း ဒုက္ခပေးနိုင်ပါသေးတယ်။
ငရုတ်သီးစားရင် ရရှိမည့် ကောင်းကျိုး ၈ ချက်
ငရုတ်သီးစားခြင်းရဲ့ ကောင်းကျိုး ၈ ပါး
ကျွန်တော်မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံက လူအတော်များများဟာ ချို၊ ချဉ်၊ ဖန်၊ ခါး၊ စပ် အရသာတွေထဲက အစပ်အရသာကို ပိုမိုကြိုက်နှစ်သက်လေ့ရှိပါတယ်။
ဒါကြောင့် အပူအစပ်အရသာကို ပေးစွမ်းတဲ့ ငရုတ်သီးကို လူအတော်များများဟာ နေ့စဉ်နီးပါး စားဖြစ်ကြလေ့ရှိပါတယ်။
ရေဆေးပြီး အတောင့်လိုက်အစိမ်းစားသလို အခြောက်လှမ်းအမှုန့်ကြိတ်ပြီး ငရုတ်သီးမှုန့်အနေနဲ့လည်းစားကြပါတယ်။
ဒါ့အပြင် ငရုတ်ဆုံထဲထည့်ထောင်းပြီး ငရုတ်သီးထောင်းအနေနဲ့လည်း စားကြပါသေးတယ်။
ဟင်းချက်ရာမှာလည်း ထည့်ချက်လေ့ရှိသလို အသုတ်သုပ်ရာမှာ ငပိရည်၊ ငံပြာရည် ဖျော်ရာမှာလည်း ထည့်သုံးလေ့ရှိပါတယ်။
ဒါကြောင့် ဒီတပတ်မှာ ကျွန်တော်တို့တွေအတော်များများ နေ့စဉ်နီးပါးစားလေ့ရှိတဲ့ ငရုတ်သီးအကြောင်းကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။
ငရုတ်သီးကို အင်္ဂလိပ်လို Chilli သို့မဟုတ် Hot pepper လို့ခေါ်ပါတယ်။ ရုက္ခဗေဒနာမည်ကတော့ Capsicum annuum ဖြစ်ပြီး မျိုးရင်းကတော့ Capsicum ဖြစ်ပါတယ်။
ငရုတ်သီးမှာအမျိုးအစားတွေအနေနဲ့ ကုလားအော်၊ မိုးမျှော်၊ ရွှေအပ် စသဖြင့် အမျိုးအစားတွေအများကြီးရှိပါတယ်။
တချို့အမျိုးအစားတွေက စပ်တာထက် ပူတာကိုဖြစ်စေပြီး တချို့အမျိုးအစားတွေကကျ စပ်တာကို ပိုဖြစ်စေပါတယ်။
ငရုတ်သီးစားခြင်း (အပူအစပ်စားခြင်း) ဖြင့်ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ အစာအိမ်နဲ့ အူလမ်းကြောင်းကို အထောက်အကူပြုခြင်း
ငရုတ်သီးဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို အထောက်ပြုတယ်လို့ပြောရင် အများစုက လက်ခံကြမှာမဟုတ်ပါ။ ဘာလို့လဲဆိုတော့ အများစုအနေနဲ့က အပူအစပ်အစားများရင် အစာအိမ်ကို ထိခိုက်စေတယ်၊ အစာအိမ်နာ ဗိုက်အောင့်လို့ရှိရင် အပူအစပ်တွေကို ရှောင်ရမယ်လို့ပဲ သိထားကြလို့ဖြစ်ပါတယ်။
သုတေသနတွေအရ ငရုတ်သီးမှာပါတဲ့ Capsaicin ဓါတ်ဟာ အစာအိမ်နာတွေကို သက်သာစေနိုင်ကြောင်း သိရပါတယ်။
ငရုတ်သီးမှာပါတဲ့ ဓါတ်တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ အက်စစ်ဓါတ်အားပြင်းမှုကို လျော့နည်းစေကြောင်း သိရပါတယ်။
ပါးစပ်ထဲ တံတွေးအထွက်များစေတာကြောင့် နှုတ်ကို မြိန်စေပြီး အစာပိုဝင်စေနိုင်ပါတယ်။
၂။ နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်း
ငရုတ်သီးဟာ ခန္ဓာကိုယ်ရှိ ကယ်လိုရီအပိုတွေလောင်ကျွမ်းမှုကို အားပေးတဲ့အတွက် သွေးတွင်းအဆီဓါတ်ကို ကျစေပြီး သွေးကြောထဲတွေမှာ အဆီကပ်တာတွေဖြစ်မလာအောင် ကာကွယ်ပေးပါတယ်။
ဒါ့အပြင် သွေးကြောတွေကို ကျယ်စေတာကြောင့် သွေးဖိအားကိုလည်း ကျစေပါတယ်။
သွေးတွင်းအဆီဓါတ်နဲ့ သွေးဖိအားလျော့နည်းလာတဲ့အခါ နှလုံးရောဂါဖြစ်နိုင်ခြေဟာလည်း လျော့နည်းလာပါတယ်။
၃။ ကိုယ်အလေးချိန်ကျစေခြင်း
ငရုတ်သီးဟာ ကိုယ်တွင်း ဇီဝရုပ်ဖြစ်ပျက်ခြင်းဖြစ်စဉ် (Metabolism) ကို မြန်အောင်အားပေးကာ အပူစွမ်းအင်များများထွက်စေတဲ့အတွက် ခန္ဓာကိုယ်ရှိအဆီပိုတွေကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကိုကျစေပါတယ်။
၄။ အသက်ရှည်စေနိုင်ခြင်း
တရုတ်နဲ့ အမေရိကန်နိုင်ငံမှာ ပြုလုပ်တဲ့သုတေသနတွေအရ အစပ်နေ့တိုင်းနီးပါးစားသုံးတွေမှာ စောစီးစွာသေဆုံးနိုင်ခြေဟာ အစပ်အစားနည်းတဲ့သူ၊ မစားတဲ့သူတွေထက်စာရင် ၁၃ ရာခိုင်နှုန်းခန့်ထိ လျော့နည်းကြောင်း သိရပါတယ်။
၅။ စိတ်ခံစားမှုကို ပိုကောင်းစေနိုင်ခြင်း
သုတေသနပြုချက်တွေအရ အပူအစပ်အစားစာတွေဟာ Serotonin လို့ခေါ်တဲ့ ဟော်မုန်းကို ဦးနှောက်ကနေ ထွက်အောင်လှုံ့ဆော်ပေးနိုင်ကြောင်း သိရပါတယ်။ ဒီ Serotonin ဟော်မုန်းဟာ စိတ်ခံစားမှုကောင်းစေပြီး ပျော်ရွှင်စေနိုင်တဲ့အပြင် စိတ်ဖိစီးစရာတွေ၊ စိတ်ဓါတ်ကျတာတွေ ခံစားရခြင်းကိုပါ သက်သာစေနိုင်ပါတယ်။
၆။ ခံတွင်းနံ့ကောင်းစေခြင်း
ငရုတ်သီးစားခြင်းဖြင့် ခံတွင်းအနံ့ဆိုးတွေကို လျော့ပါးသက်သာစေပြီး ခံတွင်းအနံ့ကောင်းစေနိုင်ပါတယ်။
၇။ အအေးမိ၊ ဖျားနာတာကို သက်သာစေနိုင်ခြင်း
ငရုတ်သီးမှာ ကိုယ်ခံအားစနစ်ကို အထောက်အကူပြုတဲ့ ဘီတာကယ်ရိုတင်းနဲ့ အန်တီအောက်ဆီးဒန့် ဓါတ်တွေများစွာပါဝင်တဲ့အတွက် အအေးမိ၊ ဖျားနာတာကို သက်သာစေနိုင်ပါတယ်။
၈။ ခေါင်းကိုက်ခြင်းနဲ့ အဆစ်အမြစ်ကိုက်ခြင်းကို သက်သာစေခြင်း
ငရုတ်သီးစားတဲ့အခါ ပူစပ်တဲ့ခံစားမှုကို ခံစားရခြင်းကြောင့် ခန္ဓာကိုယ်က ခေါင်းကိုက်တာထက် ပူစပ်တဲ့ခံစားမှုဘက်ကို အာရုံရောက်သွားပါတယ်။ အဲ့အခါမှာ ခေါင်းကိုက်ခြင်း သက်သာပါတယ်။
ဒါ့အပြင် ငရုတ်သီးမှာ ရောင်ရမ်းမှုကို လျော့စေတဲ့ဓါတ်တွေလည်းပါတာကြောင့် အဆစ်တွေ ရောင်ရမ်းကိုက်ခဲတာတွေကိုလည်း သက်သာစေပါတယ်။
ဒါတွေကတော့ သိသလောက်ငရုတ်သီးစားခြင်းက ရတဲ့အကျိုးတွေဖြစ်ပါတယ်။
ဘယ်အရာမဆို အကောင်းနဲ့ အဆိုးဒွန်တွဲနေတယ်ဆိုတဲ့အတိုင်း ငရုတ်သီးစားတာ တအားများရင် ဗိုက်ရစ်နာတာ၊ ချွေးတအားထွက်ပြီးနုံးတာ၊ ဗိုက်ထဲပူနေတာ၊ ပါးစပ်ထဲမှာစပ်ရုံမက ဝမ်းသွားတဲ့အခါ စအိုစပ်တာ တွေဖြစ်တတ်ပါတယ်။
ရေရှည်အစားများရင် မျက်စိမှုန်တာ၊ သုတ်ခမ်းတာမျိုးလည်း ဖြစ်နိုင်ခြေရှိပါတယ်။
မှိုတက်နေတဲ့ ငရုတ်သီးတွေကို ကြိတ်ထားတဲ့ငရုတ်သီးမှုန့်တွေကို ရေရှည်စားမိတာ များလာရင်လည်း Aflatoxin ခေါ်မှိုဆိပ်တွေ ကိုယ်ထဲရောက်သွားပြီး ကျန်းမာရေးထိခိုက်ကာ ကြာလာရင် အသည်းကင်ဆာထိဖြစ်နိုင်ပါတယ်
ကောင်မလေးတွေ စိတ်ဆိုးပြေတဲ့ အသီး...
စိတ်ညစ်ပြေတဲ့အသီးက ငရုတ်သီးတဲ့ ( for girl)
တို့မိန်းကလေးတွေဟာ ငရုတ်သီးကို အချဉ်ပေါင်း၊ အချဉ်ထုပ်ကနေစပြီး နောက်ဆုံး ဟော့ပေါ့ နဲ့ မာလာရှမ်းကောအထိ မစားရမနေနိုင်ကို စားတတ်ကြပါတယ်။ စိတ်ညစ်ပြီး စိတ်ဓာတ်ကျနေချိန်တွေမှာတောင် ငရုတ်သီးစပ်စပ်ကို စားလိုက်ရတယ်ဆိုရင်ပဲ စိတ်ညစ်ပြေပြီး တက်ကြွလာတဲ့အထိ ငရုတ်သီးဟာ မိန်းကလေးတွေရဲ့ အဖော်မွန်လို ခွဲမရအောင် ရှိတတ်ကြပါတယ်။

နနွင်းအသုံးဝင်ပုံ အဖုံဖုံ
လူမသိကြသေးသော နနွင်းအသုံးဝင်ပုံ
မြန်မာ ဆေးကျမ်း များအလို အရ နနွင်း သည် ပူ၏။ စပ်ရှားရှား အရသာ ရှိ၏။ ခါးသက်၍ ဆိမ့်သော အရသာ အနည်းငယ် ရှိ၏။ ကိုယ်ရေ နွေးစေ၏။ ပူသော ဂုဏ်သတ္တိ ရှိ၏။ လေကို နိုင်၏။ ဝမ်းမီးကို တောက်စေ၍ အစာ မကြေရောဂါ ကို ပျောက်ကင်း စေတတ်၏။
အသုံးပြုပုံ(ဥတက်)ပြင်ဆင်
နနွင်း သည် ရောဂါ အမျိုးမျိုးတို့ ကို ပယ်နိုင်၍ အသက်ရှည် စေသော ဆေးအဖြစ် ထင်ရှား၏။ နနွင်းကို ငန်းဆေး အမျိုးမျိုး၊ မျက်စိ ဆေး အမျိုးမျိုး၊ ဒူလာ ဝမ်းရပ်ဆေး အမျိုးမျိုး၊ လိမ်းဆေး အမျိုးမျိုး၊ မှိုင်းဆေး အမျိုးမျိုး ဖော်စပ် ရာတွင် အသုံးပြု၏။
ကိုယ်ဝန်ဆောင် စဉ် အတွင်း ဖျားခြင်း၊ သားဖွားပြီး သွေးတက်ခြင်း၊ သွေးပုပ် ကျန်ခြင်း၊ သွေးမသန့် ခြင်း၊ မီးဖွားပြီး နောက် ချိနဲ့ခြင်း၊ အသား အေးခြင်း၊ သားမြတ် ကိုက်ခြင်း၊ ရောင်ခြင်း၊ မီးယပ် သွေးဖော ဖြစ်ခြင်း ၊ ယားယံ ခြင်း တို့အတွက် နနွင်းကို အမှုန့်ပြုကာ ရေနှင့်ဖျော်၍ လိမ်းပေးခြင်း၊ သောက်ပေး ခြင်း၊ မှိုင်းရှူပေးခြင်း၊ ရေနွေး နှင့် ပြုတ်၍ ရေချိုးပေး ခြင်း၊ ကြပ်ထုပ် ထိုးပေး ခြင်း တို့ဖြင့် ပျောက်ကင်းစေနိုင်၏။
သားအိမ် မသန့် သော ရောဂါ၊ မျက်စိကိုက်၊ နှာစေး အဖျား ရောဂါတို့ အတွက်လည်း နနွင်း ကို ဆေးဖက် အဖြစ် အသုံး ပြုရ၏။
နနွင်း ကို လက်ထုပ် ခေါက်မှုန့် နှင့် ရော၍ ရျေနှင့် ကျိုပြီး ပျားရည် သင့်ရုံ စပ်၍ သောက်ပါက သွေးအန်၊ သွေးလျှံ၊ သွေးဝမ်း ရောဂါ များ ပျောက်၏။
သွားဖုံး ရောင်ခြင်း၊ သွားနာခြင်း၊ ကိုက်ခဲ ခြင်းတို့အတွက် နနွင်းမှုန့်ကို ရေနွေးနှင့် ဖျော်၍ ငုံပေးခြင်း၊ ဆားနိုင် နိုင် ထည့်သောက်ခြင်း၊ သွားရင်းတွင် သိပ်ပေး ခြင်းဖြင့် ပျောက်ကင်း စေ၏။
နနွင်း သည် ချောင်းဆိုး၊ ပန်းနာ ရင်ကျပ်၊ ဝမ်းလျှော ရောဂါ တို့ကို ပျောက်ကင်း စေ၏။
နနွင်း ကို ဆားအနည်းငယ် ခတ်၍ တစ်နေ့ ၃ ကြိမ် သောက် သော် လေထိုး လေအောင့် ရောဂါ ပျောက်၏။
အကျိတ်နာ၊ ထိခိုက် ရှနာခြင်း၊ အတွင်းကြေ ဒဏ်ရာ ရခြင်းတို့ အတွက် နနွင်းနှင့် ထုံးကို ရောစပ် လိမ်းပေးခြင်း၊ ဒဏ်ရာ မှ သွေးထွက် လွန်ခြင်းတို့ အတွက် နနွင်းမှုန့် သိပ်ပေးခြင်း တို့ဖြင့် ပျောက်ကင်း စေနိုင်၏။
နနွင်းကို သကြားနီ ခဲနှင့် ရောစပ်၍ ဆန်ဆေးရည် နှင့် သောက်သုံးပါက သားအိမ်တွင် ကျောက်တည်ခြင်း ပျောက်၏။
နနွင်းမှုန့်၊ ဆီးဖြူသီးရည်၊ ပျားရည် သုံးမျိုး ရောသောက် သော် ဆီးပူ၊ ဆီးအောင့် မှစ၍ ဆီးရောဂါ အမျိုးမျိုး ပျောက်၏။
နနွင်းဥ ကို ပါးပါးလှီး၍ နေရိပ်တွင် လှန်းပြီး ပျားရည်နှင့် တစ်ကြိမ် ၃ ပြား၊ တစ်နေ့ တစ်ကြိမ် သောက်သော် အစာအိမ် ရောဂါ ပျောက်၏။

ပဲမှုန့်ဖြင့် ပေါင်းတင်လို့ ရတာ သိများသိကြပါသလား
ပဲမှုန့်ဖြင့်ပေါင်းတင်နည်း..
ပဲမှုန့်ဟာ အသားအရည်ကို ဖြူဖွေးကြည်လင်စေပါတယ်။ ဒီနည်းလမ်းလမ်းလေးကို တစ်ရက်ခြားတစ်ခါလောက် ပြုလုပ် ပေးခြင်းဖြင့် အဆီပြန်တာကို သက်သာစေပြီး ဖြူစင်ဝင်းပတဲ့ အသားအရည်ကို ရရှိစေမှာပါ။
ပဲမှုန့်ကို လိုအပ်သလောက်ပမာဏယူပြီး ရိုးရိုးရေ သို့မဟုတ် Rosewater နဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေလိုက်ပါ။
ပြီးရင် မျက်နှာလည်ပင်း ခြေတွေလက်တွေကို လိမ်းပြီး အခြောက်ခံလိုက်ပါ။
ခြောက်သွားရင် ရေအေးနဲ့ ဆေးကြောလိုက်ရုံပါပဲ။

မျက်နှာအသားအရေလှပဖို့အတွက် ပဲမှုန့်ရဲ့ လျှို့ဝှက်ချက်များ
မျက်နှာအသားအရေလှပဖို့အတွက် ပဲမှုန့်ကိုအသုံးပြုပေးနိုင်မယ့် လျှို့ဝှက်ချက်များ
မိန်းကလေးတိုင်းကတော့ အသားအရေလှပချင်ကြတာချည်းပါပဲ။ ဒီလိုအသားအရေလှပဖို့ဆိုရင်တော့ ကိုယ့်အနေနဲ့ကလည်း သေချာဂရုတစိုက်နဲ့ ထိန်းသိမ်းပေးမှဖြစ်မှာပါ။ အိမ်တိုင်းမှာရှိတဲ့ ပဲမှုန့်ဟာဆိုရင် အသားအရေလှပဖို့အတွက် အသုံးဝင်တာတွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲကမှ ပျိုမေတို့အတွက် အဓိကအသုံးဝင်စေမယ့် လျှို့ဝှက်ချက်တွေကို မျှဝေပေးလိုက်ပါတယ်။

ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့ ပဲမှုန့်၊ ပျားရည်
ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့ ပဲမှုန့်၊ ပျားရည်နဲ့ Milk Cream တွေကို သုံးပြီး အသားအရေလှအောင် မျက်နှာပေါင်းတင်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းလေးကတော့ အဆီပြန်တဲ့အသားအရေတွေနဲ့တော့ အဆင်မပြေပါဘူး။
လုပ်ရမယ့်ပုံစံကတော့ ပဲမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ Milk Cream – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး မျက်နှာမှာလိမ်းပေးရပါမယ်။ မိနစ် ၂၀ လောက်ကြာရင်တော့ ရေဆေးချလိုက်ပါ။ ဒီလိုလုပ်ပေးခြင်းက မျက်နှာအသားအရေကို နူးညံ့ပြီး Moisture Level ကို မြှင့်တင်ပေးပါတယ်။

မျက်နှာလေးကြည်လင်ပြီးတောက်ပတဲ့မျက်နှာအသားအရေလေးရရှိစေဖို့
မျက်နှာလေးကြည်လင်ပြီးတောက်ပလာစေဖို့
ကြည်လင်ပြီးတောက်ပတဲ့ မျက်နှာအသားအရေလေးရရှိစေဖို့ ပဲမှုန့်၊ သံပရိုသီးနဲ့ Raw Milk ကို သုံးပေးရမှာပါ။ မျက်နှာနေလောင်ထားတဲ့အချိန်တွေနဲ့ မျက်နှာမဲညစ်နေတဲ့အချိန်မျိုးမှာ ဒီနည်းလမ်းလေးကို သုံးပေးနိုင်ပါတယ်။
လုပ်ရမယ့်ပုံစံလေးကတော့ ပဲမှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံပရိုရည် (Lemon Juice) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ Raw Milk – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး မျက်နှာနဲ့ လည်ပင်းတွေမှာ လိမ်းပေးရပါမယ်။ လိမ်းတဲ့အခါမှာ လက်ချောင်းလေးတွေကိုသုံးပြီး စက်ဝိုင်းပုံစံလိမ်းပေးရပါမယ်။ ၁၅ မိနစ် (သို့) မိနစ် ၂၀ လောက်ကြာရင်တော့ ရေအေးနဲ့ဆေးချလိုက်ပါ။ မျက်နှာအသားအရေလေး ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်..
ငရုတ်သီးစားလို့ အပြစ်ပြောရင် သည်စာလေးဖတ်ပီးပြန်ပြောလတ်ပါ
အစပ်ကြိုက်တဲ့သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ အစပ်အရမ်းစားတဲ့ သူတွေဆို “ဗိုက်နာမယ်၊ အစာအိမ် ဖြစ်မယ်၊ ဝက်ခြံထွက်လိမ့်မယ်”ဆိုပြီး လျော့စားခိုင်းလေ့ ရှိပါတယ်။ လူတိုင်း မသိသေးတဲ့အချက်ကတော့ အစပ်ကြိုက်တဲ့သူတွေဟာ အသက်ပိုရှည်တယ်ဆိုတဲ့ အချက်ပါပဲ။
အထူးသဖြင့် အရမ်းစပ်တဲ့ ငရုတ်သီးတွေကို ခံတွင်းတွေ့သူတွေဟာ တခြားသူတွေထက် နေထိုင်ရမယ့် သက်တမ်း ပိုရှည်တယ်ဆိုတာ သက်သေပြလိုက်နိုင်ပါပြီ။ ငရုတ်သီးကို စူပါတန်းဝင် အစားအစာအဖြစ် တရားဝင် အသိမှတ်ပြုထားတာမျိုး မရှိပေမယ့် ငရုတ်သီးရဲ့ စွမ်းအားကြာင့် ကိုယ်အလေးချိန် လျော့ကျတာ၊ ကိုယ်ခံစွမ်းအား ကောင်းတာ၊ အန်ထော်ဖင်းဓာတ်ကို လှုံ့ဆော်ပေးနိုင်တာကိုတော့ လက်ခံကြပါတယ်။
အခုနောက်ဆုံး ထွက်ရှိလာတဲ့ လေ့လာချက်မှာတော့ အသက်ပိုရှည်စေတယ်ဆိုတဲ့ အချက်ကို ထည့်သွင်းလိုက်ပါပြီ။ ဗားမွန့်တက္ကသိုလ်၊ ဆေးပညာဌာနက သုတေသီတွေဟာ အစပ်ကဲတဲ့ ငရုတ်သီးကို ပုံမှန်စားတဲ့သူတွေဟာ အရွယ်မတိုင်ခင် သေဆုံးမှု ၁၃ ရာခိုင်နှုန်းထိ လျော့ကျတယ်လို့ ဆိုပါတယ်။
သုတေသန ပြုလုပ်ခဲ့တာဟာ ရိုးရိုး ငရုတ်သီးထက် အစပ်ကဲတဲ့ ငရုတ်သီးမှာပါတဲ့ ဓာတ်က လျော့ချနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရုတ်တရက် နှလုံးခုန် ရပ်ခြင်းနဲ့ လေဖြတ်ခြင်းကိုပါ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။
ထွက်ရှိလာတဲ့ ရလဒ်ဟာ အမေရိကန်လူမျိုး ၁ သောင်း ၆ ထောင်ကျော်ကို ၂၃ နှစ်ကြာ သုတေသနလုပ်ရာက ထွက်လာတဲ့ ရလဒ်တခုလည်း ဖြစ်ပါတယ်။ ပါဝင်ခဲ့ကြတဲ့သူတွေကို ငရုတ်သီးတောင့် နေ့စဉ် ပုံမှန် စားခိုင်းခဲ့ပြီး အခုလိုရလဒ် ထွက်ရှိလာတာပါ။
၂၃ နှစ်အကြာ ပုံမှန်စားလာတဲ့သူတွေဟာ မစားတဲ့သူတွေထက် သေဆုံးမှုနှုန်း ၂၁ ဒဿမ ၆ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း ထွက်လာတဲ့ ရလဒ်တွေကို အသေးစိတ် ပြန်ကြည့်တဲ့အခါ ဘယ်အချက်တွေကြောင့် အသက်ပိုရှည်စေတယ် ဆိုတဲ့အချက်ကို အတိအကျ မထောက်ပြနိုင်ပေမယ့် ငရုတ်သီးမှာပါတဲ့ မူလဓာတ်ပစ္စည်း Capsaicin ကြောင့်လို့ သုံးသပ်ကြပါတယ်။ Capsaicin ဟာ အစာခြေစနစ်ကို အထောက်အကူပြုတာကြောင့် အစာကြေလွယ်ပြီး ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေက ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။

နှလုံးသွေးကြောနဲ့သက်ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့အပြင် အဝလွန်ရောဂါ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် နောက်တခါ ငရုတ်သီးအစပ်တွေ စားမယ်ဆိုရင် စိုးရိမ်စရာ မလိုဘဲ ကိုယ်စိတ်ကြိုက်စားနိုင်ပြီပေါ့။
ငရုတ်သီးအစပ်လို့ ဆိုတဲ့အခါ မှိုအန္တရာယ်များတဲ့ ငရုတ်ခြောက်တွေထက် လတ်လတ်ဆတ်ဆတ် ငရုတ်သီးအစိမ်းပဲ စားကြဖို့ တိုက်တွန်းချင်ပါတယ်။ ငရုတ်သီး အစားများတဲ့အခါ ဗိုက်နာတာမျိုး မဖြစ်အောင် မစားခင် မီးအပူပေးတာဖြစ်ဖြစ်၊ ရေနွေးပွက်ပွက် ဆူတဲ့ထဲ ထည့်ပြုတ်တာဖြစ်ဖြစ် လုပ်ပြီးမှ စားတာ ပိုသင့်တော်ပါတယ်။

Subscribe to:
Posts (Atom)