Pages

Saturday, June 18, 2022

မြို့ရွာများ၏ရှေးအမည်များ

 မြန်မာ့ မြို့ရွာဒေသများ၏ ရှေးအမည်များ 🇲🇲

________________________________

ကန္တာရ၀တီ........... ကယား
ကမ္ဘောဇ .............  ရှမ်း
ကုသိနာဂရ .......... ပုသိမ်
ကေတုမတီ .......... တောင်ငူ
ကေလာသ ....... ကျိုက်ထိုဘီးလင်းတောင်ဘက်
ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်

ခေမရဋ္ဌ ......... ကျိုင်းတုံ
ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး
ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ်
ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ်
စေတုတ္တရာ .... စလင်းအနောက်ဘက်
စိနရဋ္ဌ ..........  ကချင်ပြည်နယ်

စန္ဒပူရ ................  မဏိပူရဘက်နယ်စပ်
စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက်
ဇေယဝဍ်ဎန ........... တောင်ငူနယ်
ဇေယျပူရ ............ စစ်ကိုင်း
ဇောတိနုဂရ ......... ကျိုင်းဟုံကြီး စိစွမ်ပန္နားလူ{၁၂}နယ်
တတ္ထဒေသ ........... ခန်းခြောက်မြေ၊ ပုဂံနယ်

တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း
ဓညဝတီ ....................  မြောက်ဦး
ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ်
ဒွာရာဝတီ .................... သံတွဲ
နဂရာဇာ ....................  နဂရစ်
ပဉ္စာလရာဇ် ................. တကောင်း

ပဌမနဂရ .............  မကွေးတောင်ဘက်
ပေါက္ကရ၀တီ .......... ရန်ကုန်
မဟာနဂရ ............. မွန်ငယ်
မစ္ဆဂီရိ .................. ချင်းတောင်တန်း
မေဃဝတီ ............. မာန်အောင်
မထိလာ...............  မိတ်ထီလာ

ယောနက ........... ယော
ရတနပုရ ............ အင်းဝ
ရတနာတင်းတိမ်... တောင်တွင်းကြီး
ရတနာပုံ ............. မန္တလေး
ရာဇဂြီဟ ........... ကလေးအနီး

ရာမညဒေဝ .......... မွန်ပြည်နယ်
ရမ္မာဝတီ .............. ရမ်းဗြဲ
ရတနာသိင်္ခ/ရတနာသိင်္ဃ ......... ရွှေဘို
ဝေဘာရာ ဝေပုလ္လ ................ ကျောက်ဆည်အရှေ့ရိုး
ဝေသာလီ .............................. မြောက်ဦးအနီး
ဝိမဏု/ပုဏ္ဏဝတီ......... ဗိဿနိုး တောင်တွင်းကြီးအရှေ့

သလ္လဝတီ ............ချင်းတွင်းမြစ်
သာကေတ ......... ရန်ကုန်
သာဂရ ............... ဆွာအနီး
သာယာဝတီ ........ သုံးဆယ်အနီး
သိရီခေတ္တရာ ...... မော်ဇာ
သိရီပစ္စရာ ...........ပုဂံအနီး

သိင်္ဂုတ္တရ ............ ရွှေတိဂုံကုန်းတော်
သုနာပရန္တ ...........ဧရာဝတီမြစ်မြောက်ဘက်
သုဓမ္မဝတီ ...........သထုံ
သုဝဏ္ဏဘူမိ .........တိုက်ကုလား၊ အရက်သမ၊ ဝင်က
သင်္ဃဿနာရ .......တကောင်း
ဟရိပုဉ္စ .............. မွန်ပြည်နယ်/ ထိုင်း

ဟံသာဝတီ .......... ပဲခူး
အမရပူရ ............ တောင်မြို့
အရိမဒ္ဒနပူရ......... ပုဂံ
အသီတဉ္စန ...........ရန်ကုန်
အလ္လကပ္ပ ............ စစ်ကိုင်းအနီး
အာဠဝတီ ............ မြစ်ကြီး
သွရိဿ .............. ပဲခူး
ဥက္ကလာပ ............ ရန်ကုန် တို့ဖြစ်သည်။


Friday, January 17, 2020

ဆိတ်နံရိုး ပဲဟင်းလေး ကိုယ်တိုင် ချက်စားကြည့်မလား

ဆိတ်နံရိုးနဲ့ ကုလားပဲကို ဆီပြန်ရေကျန်လေး ချက်စားချင်ရင်... ဒါလေး ဆုံးအောင်ဖတ်ကြည့်လိုက်ပါ

ပါဝင်ပစ္စည်း
1. ဆိတ်နံရိုး ၅၀ သား
2. ကုလားပဲ ၁၅ ကျပ်သား
3. ကြက်သွန်နီ ၁၀ သား
4. ကြက်သွန်ဖြူ ၁ လုံး
5. ချင်း လက် ၂ ဆစ်ခန့်
6. မဆလာ စားပွဲဇွန်း ၁ ဇွန်း
7. ပျဉ်းတော်သိမ် ၅ ခက်
8. နနွင်းမှုန့်
9. ငရုတ်သီးအစိမ်းမှုန့်
10. ဆီ
11. ဆား
12. အသားမှုန့်

ပြုလုပ်နည်း

၁။ ကုလားပဲကို ရေဆေးပြီး အနည်းဆုံး ၃ နာရီခန့် ရေစိမ်ပါ။

၂။ ဆိတ်နံရိုးများကို အနေတော်တုံးပြီး ရေဆေးကာ ရေစစ်သွားရင် နနွင်း၊ ဆား၊ အသားမှုန့်တို့နဲ့ နှံ့အောင်နယ်ပါ။ နာရီဝက်ခန့် နှပ်ထားပါ။

၃။ ကြက်သွန်ဖြူနီ၊ ကြက်သွန်ဖြူ၊ ချင်းတို့ကို ညက်အောင်ပြုလုပ်ထားပေးပါ။

၄။ ကုလားပဲ စိမ်ရေကိုသွန်လိုက်ပြီး ရေအသစ်နဲ့ ၂ ခါ ၃ခါ လောက်ထပ်ဆေးပြီး ရေစစ်ထားလိုက်ပါ။

၅။ ချက်မည့်အိုးက ဆီပူရင်တော့ ညက်အောင်ပြုလုပ်ထားသည်များကို နနွင်း၊ ငရုတ်သီးအစိမ်းမှုန့်များနဲ့ ဆီသတ်ပေးပါ။ ကြက်သွန်များနွမ်းရင် ဆိတ်ရိုး၊ ကုလားပဲ၊ မဆလာတို့ ထည့်ပြီး အားလုံးကို နှံ့အောင်မွှေပါ။

၆။ ကုလားပဲနူးရုံ ရေနွေးထည့်ပြီး အဖုံးအုပ်ကာ မီးနည်းနည်းနဲ့ ချက်ပါ။ ဆိတ်ရိုးနဲ့ပဲနူးပြီး ဆီပြန်ရေကျန် အနေရောက်ရင် အရသာအတွက် ဆားနဲ့ အသားမှုန့်ကို ထည့်ပါ။ အနေတော်ရင် တော့ နောက်ဆုံးမှာ ပျဉ်းတော်သိမ်အရွက်များကို အုပ်လိုက်ပါ။

ဒါဆိုရင် ချက်တတ်ကြလောက်ပါဘီနော်..
နနွင်းမှုန့်တွေ ကုလားပဲခြမ်းတွေ မဝယ်ရသေးဘူးဆိုရင်
ရွှေဗိမာန်ကို ဖုန်းခေါ်လိုက်ပါ. 09792260533/09897996697.

ဝိတ်ကျဖို့ ကယ်လိုရီတွက်ပီး အစားနဲ့ဝိတ်ချကြရအောင်


 နေ့စဉ်စားသုံးနေတဲ့အရာတွေက ကယ်လိုရီ ဘယ်လောက်ထိတက်နိုင်သလဲ

နေ့စဉ် စားသောက်လေ့ရှိသော ယေဘူယျအစားအသောက်များတွင် ပါဝင်သော ကယ်လိုရီပမာဏများကို တွက်ချက်ပြထားပါတယ်။



ဒီလို တွက်ပြတာတွေ ကြည့်ပြီးတော့ တစ်နေ့တာ ကယ်လိုရီ ဘယ်လောက် စားသုံးပြီးပြီလဲ၊ ဘယ်လောက် ပြန်အသုံးပြုပြီးပြီလဲဆို တွက်ချက်လို့ ရပါတယ်။



ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ဟာ တစ်နေ့ကို ၂၃၆၁ ကယ်လိုရီ စားသောက်မယ်ဆို ကိုယ်အလေးချိန် မတိုးမလျော့ ရှိနေပါမယ်။


တစ်နေ့ကို ၁၈၆၁ ကယ်လိုရီ စားသောက်မယ်ဆို ကိုယ်အလေးချိန် ၁ပတ်ကို ၁ပေါင် ကျနိုင်ပါတယ်။


တစ်နေ့ကို ၁၃၆၁ ကယ်လိုရီ စားသောက်မယ်ဆို ကိုယ်အလေးချိန် ၁ပတ်ကို ၂ပေါင် ကျနိုင်ပါတယ်။


တစ်နေ့ကို ၂၈၆၁ ကယ်လိုရီ စားသောက်မယ်ဆို ကိုယ်အလေးချိန် ၁ပတ်ကို ၁ပေါင် တက်နိုင်ပါတယ်။


တစ်နေ့ကို ၃၃၆၁ ကယ်လိုရီ စားသောက်မယ်ဆို ကိုယ်အလေးချိန် ၁ပတ်ကို ၂ပေါင် တက်နိုင်ပါတယ်။



အောက်ပါအစားအသောက်များက ဆီနှင့် အဆီများ မနည်းလွန်းမများလွန်း အခြေအနေမှာ ခန့်မှန်း တွက်ချက်ပြထားခြင်းဖြစ်ပါတယ်။ အစားအသောက်၏ အရွယ်အစားနှင့် ဆီပါဝင်မှု၊ သကြားပါဝင်မှုပေါ်မူတည်၍ ကယ်လိုရီ အနည်းအများ ကွာဟနိုင်ပါတယ်။
၁။ ဂျင်းသုပ် ၁ ပွဲ = ၅၁၂
၂။ ခရမ်းချဉ်သီးသုပ် ၁ပွဲ = ၁၁၇
၃။ ငါးဖယ်သုပ် ၁ပွဲ = ၁၃၀
၄။ ငါးကြင်းကြော် ၁တုံး = ၁၁၆
၅။ ငါးလေးဟင်း ၁ပွဲ = ၁၈၀
၆။ ဘဲဥဟင်း ၁ပွဲ = ၁၂၅
၇။ ပုဇွန်ဟင်း ၁ပွဲ = ၉၈
၈။ ဝက်သားဟင်း ၁ပွဲ = ၂၀၂
၉။ ကြက်သားဟင်း ၁ပွဲ = ၂၁၆
၁၀။ ခရမ်းချဉ်သီး ပုဇွန်ခြောက်နှပ် ၁ပွဲ = ၁၅၆
၁၁။ သီးမွှေးငှက်ပျောသီး ၁လုံး= ၁၄၀
၁၂။ စပျစ်သီး လက်တစ်ဆုပ် = ၈၃
၁၃။ နာနတ်သီး ပန်းကန်လုံး၁လုံး = ၇၅
၁၄။ ဖရဲသီး ပန်းကန်လုံး၁လုံး = ၃၈
၁၅။ သရက်သီးမှည့် ပန်းကန်လုံး၁လုံး = ၁၂၈
၁၆။ သဘောင်္သီး ပန်းကန်လုံး၁လုံး = ၆၃
၁၇။ ကျွဲကောသီး ပန်းကန်လုံး၁လုံး = ၄၀
၁၈။ လက်ဖက်သုပ် ၁ပွဲ = ၄၆၇
၁၉။ လက်ဖက်သုပ် ၁ဇွန်း = ၇၈
၂၀။ စမူဆာ ၁ခု = ၃၀
၂၁။ ဘူသီးကြော် ၁ခု = ၇၀
၂၂။ ကော်ပြန့်စိမ်း ၁ခု = ၄၀
၂၃။ ကော်ပြန့်ကြော် ၁ခု = ၇၀
၂၄။ ပေါင်မုန့် ၂ချပ် = ၁၅၀
၂၅။ ပေါင်မုန့် ထောပတ်သုပ် ၁ချပ် = ၁၁၉
၂၆။ ကိတ်မုန့် ၁ချပ် = ၁၁၈
၂၇။ ကြက်သား ဟမ်ဘာဂါ = ၅၈၀
၂၈။ ဒိုးနတ်မုန့် ၁ခု = ၂၁၀
၂၉။ ချိစ် ဆန်းဒွတ်စ် = ၁၃၀
၃၀။ အစုံသုပ် ၁ပွဲ = ၃၇၀
၃၁။ နန်းကြီးသုပ် ၁ပွဲ = ၇၃၅
၃၂။ ရှမ်းခေါက်ဆွဲ ၁ပွဲ = ၇၄၅
၃၃။ မုန့်ဟင်းခါ ၁ပွဲ = ၂၆၈
၃၄။ အုန်းနို့ခေါက်ဆွဲ ၁ပွဲ = ၄၆၆
၃၅။ ရခိုင်မုန့်တီ ၁ပွဲ = ၁၂၆
၃၆။ ကြက်သား ဆီချက်ခေါက်ဆွဲ ၁ပွဲ = ၄၇၅
၃၇။ ကြက်သားကြေးအိုး ၁ပွဲ = ၁၅၈၈
၃၈။ ဘယာကြော် ၁ခု = ၁၉၄
၃၉။ ထမင်း ပန်းလုံး ၁လုံး ( ၆ဇွန်းစာ) = ၁၈၇
၄၀။ ထမင်း ပန်းကန်ပြား ၁ပြား ( ၉ ဇွန်းစာ ) = ၂၈၀
၄၁။ ကြက်သားဒံပေါက် ၁ပွဲ = ၇၀၈
၄၂။ ကြက်သား ခေါက်ဆွဲကြော် ၁ပွဲ = ၅၉၄
၄၃။ ပဲပြုတ်ထမင်းဆီဆမ်း ၁ပန်းကန် = ၄၃၅
၄၄။ ပဲပြုတ်ထမင်းကြော် ၁ပန်းကန် = ၄၂၆
၄၅။ ထမင်းပေါင်း ၁ပန်းကန် = ၄၇၅
၄၆။ တို့ဟူးသုပ် ၁ပွဲ = ၁၉၅
၄၇။ သာကူ မုန့်ဖတ်ထုပ် ၁ထုပ် = ၁၂၁
၄၈။ အားလူးကြော် ၁ထုပ် (အဖတ်၂၀) = ၁၇၇
၄၉။ ငါးမုန့်ကြော် ၁ထုပ် = ၁၄၀
၅၀။ ကြက်ဥကြော် ၁လုံး = ၁၂၉
၅၁။ ကြက်ဥပြုတ် ၁လုံး = ၈၀
၅၂။ ပြောင်းဖူးပြုတ် ၁ခု = ၃၅၀
၅၃။ ဂေါ်ရခါးသီးပြုတ် ၁လုံး = ၂၇
၅၄။ ရုံးပတီသီး + ပုဇွန်ခြောက်ကြော် ပန်းကန်းလုံး ၁လုံး = ၁၃၀
၅၅။ ကန်ဇွန်းရွက်ကြော် ၃ဇွန်း = ၄၁
၅၆။ ကြက်သားဘူးသီးဟင်း ပန်းကန်လုံး ၁လုံး = ၉၅
၅၇။ နံပြား ၁ချပ် = ၂၂၆
၅၈။ ပေါက်စီ ၁လုံး = ၃၄၀
၅၉။ ပဲပလာတာ ၁ချပ် = ၃၇၇
၆၀။ အီကြာကွေး ၁ချောင်း = ၃၁၄
၆၁။ ဆီထမင်း ၁ပွဲ = ၁၈၇
၆၂။ ပဲပြုတ်ကောက်ညှင်းပေါင်း ၁ပွဲ = ၂၁၇
၆၃။ မုန့်ကျွဲသဲ ၁ပွဲ = ၅၆
၆၄။ ထန်းသီးမုန့် ၁ပွဲ = ၁၂၀
၆၅။ မုန့်လင်မယား ၁ပွဲ = ၇၃
၆၆။ ဘိန်းမုန့် ၁ချပ် = ၂၈၆
၆၇။ ကော်ဖီ + ပေါင်မုန့်ကြက်ဥကြော် = ၃၉၃
၆၈။ ကော်ဖီ + ပေါင်မုန့်ထောပတ်သုပ် = ၄၅၂
၆၉။ ကော်ဖီ + ပဲပြုတ်ထမင်းကြော် = ၅၁၁
၇၀။ ကော်ဖီ + ပဲပြုတ်ထမင်းဆီဆမ်း = ၅၁၉
၇၁။ ကော်ဖီ + မုန့်ဟင်းခါး = ၃၅၃
၇၂။ ကော်ဖီ + အုန့်နို့ခေါက်ဆွဲ = ၅၅၀
၇၃။ ထမင်း + ဝက်သားဟင်း + ကန်စွန်းရွက်ကြော် +
      သီးစုံချဉ်ရည်ဟင်း + သရက်သီးမှည့် = ၇၂၅
၇၄။ ထမင်း + ကြက်သားဟင်း + ပဲသီးကြော် + ချဉ်ပေါင်ဟင်း + ဖရဲသီး = ၇၀၆
၇၅။ ထမင်း + ငါးဖယ်သုပ် + ဗူးညွန့်ကြော်ချက် + ပဲကြီးဆူးပုပ် + စပျစ်သီး = ၆၅၄
၇၆။ နို့ ၁ဖန်ခွက် = ၁၆၈
၇၇။ ကော်ဖီ ၁ခွက် = ၈၄
၇၈။ ကိုကာကိုလာ ၁ဗူး = ၁၄0
၇၉။ လိမ္မော်ရည် ၁ခွက် = ၁၁၅
၈၀။ စတော်ဘယ်ရီယို ၁ဇွန်း = ၂၃
၈၁။ ထောပတ် ၁ဇွန်း = ၇၆



အခုတစ်ခါ နေ့စဉ် လှုပ်ရှားမှုတွေ အားကစားတွေကနေပြီးတော့ ကယ်လိုရီ ဘယ်လောက် ပြန်ကုန်ဆုံးသွားနိုင်တယ်ဆိုတာ ထပ်ကြည့်လိုက်ရအောင်။ အောက်ပါလှုပ်ရှားမှုတွေကို ပုံမှန်အတိုင်း မိနစ် ၃၀ စာပေါ် မူတည်ပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။
၁။ လှေကားတက် = ၂၇၃
၂။ ဥယျာဉ်ပြုစု၊ ပေါင်းသင် = ၁၅၃
၃။ လမ်းလျောက် ( ၁နာရီ ၃မိုင်နှုန်း) = ၁၂၀
၄။ တံမြတ်စည်းလှည်း = ၈၄
၅။ သာမာန် လှုပ်လှုပ်ရှားရှား ပေါ့ပေါ့ပါးပါးအလုပ် = ၆၉
၆။ ထိုင်နေခြင်း = ၆၀
၇။ အိပ်နေခြင်း = ၃၃
၈။ ထိုင်ထ = ၄၁၁
၉။ ရေကူး = ၃၇၅
၁၀။ ကြိုးခုန် = ၃၃၃
၁၁။ ဘောလုံးကန် = ၃၂၁
၁၂။ ဘတ်စကတ်ဘော = ၂၇၃
၁၃။ စက်ဘီစီး ( ၁နာရီ ၁၂မိုင်) = ၂၇၃
၁၄။ ပြေးခုန် ( ၁နာရီ ၅မိုင်) = ၂၇၃
၁၅။ တင်းနစ်၊ ထွေပစ် = ၂၇၃
၁၆။ အေရိုးဗစ် အက = ၂၅၈
၁၇။ ကြက်တောင်ရိုက် = ၁၅၃
၁၈။ ဂေါက်သီးရိုက် = ၁၅၃
၁၉။ စားပွဲတင် တင်းနစ် = ၁၃၈
၂၀။ ယောဂကျင့်စဉ် = ၁၁၇
၂၁။ ဘိုးလင်းပစ် = ၁၀၂


Thursday, January 16, 2020

ကုလားပဲ မတ်ပဲစျေး




လမ်းသရဲမှုန့် လုပ်ကြည့်ကြမယ်

နေ့လည်နေ့ခင်းမှာ ဘာမုန့်စားရမလဲလို့ စဉ်းစားရင်း
ခေါင်းခြောက် မနေပါနဲ့ .. ပူစပ်စပ်စားရတဲ့
လမ်းသရဲမုန့်လုပ်နည်းလေးကို ဝေမျှချင်ပါတယ်။



လမ်းသရဲမုန့်ပြုလုပ်ရန် လိုအပ်တဲ့ ပစ္စည်းတွေက
1. ဆန်အစိမ်းမှုန့် - ၁၀ ကျပ်သားတစ်ထုပ်
2. ကုလားပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ၃ ဇွန်း
3. ကော်မှုန့် - ထမင်းစားဇွန်း ၄ ဇွန်း
4. ကြက်ဥ - ၁ လုံး
5. ခရမ်းချဉ်သီး - ၃လုံး
6. နနံပင် - ၁၀ ပင်
7.  ဂေါ်ဖီ - တစ်ခြမ်း
8.  ငရုတ်သီးစိမ်း - ၁၀ တောင့်
9. ပဲပင်ပေါက် - ၂၀၀ ဂရမ်
10. ပဲပြုတ် - ၂၀၀ ဂရမ်
11. ဆီ - ၅ ကျပ်သား
12. ဆား - အနည်းငယ်
13. ဟင်းခတ်မှုန့် အနည်းငယ်
14. မဆလာ -အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

• ရွေဗိမာန် ဆန် အစိမ်းမှုန့် ၁၀ ကျပ်သား တစ်ထုပ်နဲ့ ရွှေဗိမာန်ကော်မှုန့် ထမင်းစားဇွန်း လေးဇွန်း ၊ရွှေဗိမာန် ကုလားပဲ အစိမ်းမှုန့် ထမင်းစားဇွန်းသုံးဇွန်း(မထည့်လဲရပါတယ်) ကို ရော ဆား နည်းနည်း၊ ဟင်းခတ်မှုန့်နည်းနည်းထည့် ကြက်ဥ တစ်လုံးဖောက်ထည့်ပါ။
• ပြီးရင် ရေ ထည့်ပြီးဖျော်ပါ။ ရေကို ကျဲကျဲလေးဖျော်ပါ။ မုန့်သားကျွတ်အောင်လို့ပါ။ မပျော်ပဲကျန်နေတဲ့ပဲမှုန်လေးတွေကို စစ် ဇကာ နဲ့စစ်ချပါ။
• မုန့်ရည် ဖျော်ထားပြီးရင် အထဲက အစာ အတွက် ဂေါ်ဖီ ခပ်ပါးပါး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ပဲပင်ပေါက်၊ ပဲပြုတ် ကိုကြိုက်တာလေးတွေ ထည့်ဖို့ အဆင်သင့် လှီးထားပါ။
• လမ်းသရဲမုန့်တစ်ခုစာ ဖျော်ပြီးသားမုန့်ရည်ကို ဇွန်းနဲ့ခပ်ယူပါ။ မုန့်တစ်ခုလုပ်ပြီးနောက်တစ်ခုလုပ်ရင် မုန့်ရည်လေးကိုသေချာလေးမွှေပေးပါ။ အနည်ထိုင်တတ်လို့ပါ။ ဒယ်အိုးထဲဆီအနည်းငယ်သာထည့်အပူပေးပါ။
• မုန့်ရည်လေးကို ထည့်တဲ့အခါ တစ်ခုစာအတွက် မှန်းပြီး ဇွန်းကြီးနဲ့ခပ် ဒယ်အိုးထဲထည့်ပြီးတာနဲ့ ချက်ချင်း ဒယ်အိုးလေးကို လက်ကိုင်ကနေ အလိုက်သင့်လေး စက်ဝိုင်းပုံ စောင်းပြီး အရည် လေးတွေ ဒယ်အိုးအနှံ့့ရောက်ပြီး မုန့်သားပါးပါးလေးရအောင် လုပ်ရပါမယ်။
• အဆင်သင့်လှီးထားတဲ့ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊  ပဲပင်ပေါက်၊ ပဲပြုတ် စတာတွေကို ဖြူးလိုက်ပါ။
• ပြီးနောက် ဆားအနည်းငယ် ဟင်းခတ်မှုန့်အနည်းငယ် နှင့် မဆလာ လေး ဖြူး ဆီကို မုန့်သားဘေးလေးတွေ နှင့် အပေါ်ကနေ နည်းနည်းဖြူးပေးပါ။  (ဆီဆမ်းခြင်းအားဖြင့် မုန့်ကိုကျွတ်ကျွတ်လေးဖြစ်စေပါတယ်။)
• ထည့်တားတဲ့အစာပလာတွေ ကျက်သွားအောင်အဖုံးနဲ့ ဖုံးထားပါ
• ကျက်ပြီဆိုမှ အလယ်ကနေ ခေါက်လိုက်ပါ ပြီးလျှင် ပိုကျွတ်သွားအောင် ခေါက်ထားတဲ့အခေါက်ကို ဟိုဘက်ဒီဘက် လှန်ပေးပါ။
• ပီးရင် လမ်းသရဲမုန့်ပူစပ်စပ်လေးကို ရေနွေးကြမ်းလေးနဲ့ စားလိုက်ပါ... 😁😁😁
ရွှေဗိမာန်ပဲစိမ်းမှုန်. ရွှေဗိမာန် ကော်မှုန့်
ရွှေဗိမာန်ဆန်မှုန်လူကြိးမင်းအလိုရှိရင် ဖုန်းလေးခေါ်လတ်ပါ.... 09792260533 / 09787996697

Wednesday, January 15, 2020

ပဲအကျက်မှုန့် ကိုယ်တိုင်အိမ်မှာ အလွယ်ပြုလုပ်နည်းလေးပါ

အသုပ်မျိုးစုံ သုပ်စားရင် ထဲ့သုံးလေ့ရှိတဲ့ ပဲအကျက်မှုန့် လှော်နည်းလေးပါ.... မီးအပူပေး လှော်ရတာ လွယ်ကူပေမဲ့ မီးအချိန်အဆ မမှန်ရင်တော့ ကျွမ်းသွားတာ မကျက်တတ်တာတို့ ဖြစ်တတ်ပါတယ်..သတိထားပြီး လှော်စေချင်ပါတယ် ..

• အရင်ဆုံး ရွှေဗိမာန်ပဲမှုန့်အစိမ်း ၁၀သားထုပ် (163ဂရမ်) အထုတ်​​လေး တထုတ်​စာကို ​ပဲကျက်လှော်ဖို့ အသင့်ယူထားပါ..
• လှော်ပြီဆိုတာနဲ့ အသားထူတဲ့ ဒယ်အိုးကို အပူပေးပါ
• ပါးတဲ့ ဒယ်အိုးဆိုရင် ပဲမှုန့်ကသေချာ မကျက်ဘဲ ခနလေးနဲ့ ကျွမ်းပြီး မဲသွားတတ်ပါတယ်
• ဒယ်အိုး ပူလာတာနဲ့ မီးကိုအနေတော်လျှော့ပြီးမှ ပဲအစိမ်းမှုန့်ကို ထည့်ပေးကာ ​လှော်​ပေးပါ
• မီးပြင်းရင်​ အ​ရောင်​မည်းပြီး ကျွမ်းလွယ်​တဲ့အတွက်​ မီးအ​နေ​တော်​နဲ့ ​လှော်​တာ အ​ကောင်းဆုံးပါ
• လှော်​​နေစဉ်​ အကျက်​ညီ​စေရန်နှင့် လှော်နေစဉ် ပဲအခဲလေးများ ဖြစ်တတ်တဲ့အတွက် သစ်သားယောင်းမဖြင့်​ အဆက်မပြတ် ​မွှေ​မွှေ​ပေးပြီး ဖိဖိချေပေးပါ
• ပဲမှုန့်အားလုံး ​ရွှေအို​ရောင်​ သန်းလာပြီး မွှေးလာပြီဆိုရင်​ ဇလုံကျယ်ကျယ် (သို့မဟုတ်​) လင်​ဗန်း ( သို့မဟုတ်) စ​ကောထဲကိုထည့်ပြီး အ​အေးခံပါ
• အအေးခံ​ထား​သော ပဲအလှော်မှုန့်များကို အသုပ်မျိုးစုံ သုပ်စားရန်အတွက် ​လေလုံပြီး ​ခြောက်​​သွေ့​သော ဖန်​ပုလင်းထဲမှာထည့်ပြီး လိုအပ်​​သောအချိန်​ သုံးနိူင်​ရန်​ သိမ်းထားနိူင်​ပါတယ်။
သည်လိုမှ ကိုယ်တိုင်ပြုလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင်
အနံ့မွှေးမွှေးရွှေဗိမာန်ပဲကျက်မှုန့်ကို ph 09792260533/097879967 ကို ဖုန်းဆက်ပီး မှာယူလိုက်ပါ....


ရှမ်း တိုဟူးနွေးလုပ်နည်း

တို့ဟူးနွေးပြုလုပ်နည်းလေးပါ

တို့ဟူးနွေးက ရှမ်းပြည်ရဲ့  မနက်စာ ဖြစ်ပါ.. ရှမ်းပြည်မှာတော့ ရွှေပဲရွက်လေး ထည့်စားကြပါတယ်။ မြေပြန့်မှာတော့ ရေမုန်ညှင်း၊ မုန်ညှင်းရွက် အစ ရှိသဖြင့် ထည့်နိုင်ပါတယ်။ 
ချက်နည်းမခက်ပါဘူး
  • ကြက်သား (သို့မဟုတ်) ဝက်သား
  • တို့ဟူးမှုန့်
  • ဆန်ဆီးခေါက်ဆွဲ
  • အရွက်(ရွှေပဲရွက် ၊ ရေမုန်ညှင်း၊ မုန်ညှင်းရွက်)
  • ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ
  • ငရုတ်သီးအရောင်တင်မှုန့်၊ နနွင်းမှုန့်
  • ဆား၊ ဟင်းခတ်မှုန့်၊ သကြား
  • နံနံပင်၊ ကြက်သွန်မိတ်၊ မြေပဲဆံထောင်း
  • နှမ်း၊ ပဲငံပြာရည်အကြည်၊ ကြာညို့၊ ငရုတ်ဆီ
  • ကြက်သွန်ဖြူ ဆီချက် ..
အရင်ဆုံး
ကြက်သို့မဟုတ် ဝက်သားကို တို့ဟူးနွေးနဲ့ရောစားဖို့ အရင်ဆုံး ဂျင်း၊ ကြက်သွန်ဖြူ၊ နီ၊ ငရုတ်သီး အရောင်တင်မှုန့်၊ နနွင်း အနည်းယေ်ထည့်ပြီး ဆီသတ်ပါ..
အရသာအတွက်တော့ အပေါ့အငန် ချိန်ပြီးထည့်နိုင်ပါတယ်။
တိုးဟူးနွေး ကျိုရန်အတွက် အရင်ဆုံး တို့ဟူးမှုန့်ကို နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ရေအေးဖြင့် ခပ်ပျစ်ပျစ်လေး ဖျော်ထားပါ
တို့ဟူး ကျိုမယ့်အိုးထဲကို ရေ ၁လီတာ (တိုဟူးမှုန့် ၂၅ကျပ်သား ) ထည့်ပြီး ဆူလာတဲ့အထိတည်ရပါမယ်။ 
ဆူလာရင်တော့ ခုဏက ဖျော်ထားတဲ့ တို့ဟူးဖျော်ရေကို ဖြည်းဖြည်းချင်း လောင်းထည့်ပါ,
ပြီးရင်ဖြင့် အရသာအတွက် ဆား၊ ဟင်းခတ်မှုန့်၊ သကြား အနည်းငယ်ထည့်ပြီး မီးအေးအေးလေးထားပြီး အဆက်မပြတ် မွှေပေးပါ..
လိုချင်တဲ့ အနေအထားရောက်ရင်ဖြင့် တိုဟူးနွေးကို စတင်ပြင်ဆင်နိုင်ပါပြီ။
ဆန်ဆီးခေါက်ဆွဲကို အရွက်ကလေးပါ ထည့်ပြီး ၁မိနစ်လောက် ရေနွေးပွက်ပွက်ဆူထဲ ခဏထားပြီး ပြန်ဆယ်ကာ တိုဟူးနွေး ပြင်ဆင်မယ့် ပန်းကန်ထဲထည့်၊ အပေါ်ကနေ တို့ဟူးနွေး လောင်းထည့်ပါ။
နံနံပင်၊ ကြက်သွန်မိတ်ထည့်၊ ထောင်းထားတဲ့ မြေပဲဆံ၊ နှမ်းထည့်၊ ချက်ထားတဲ့ ကြက်သားသို့မဟုတ် ဝက်သားထည့်ပါ။
ပဲငံပြာရည် အကြည်၊ ကြာညို့၊ ငရုတ်ဆီ၊ ငရုတ်သီးအရောင်တင်မှုန့်ကိုကို ဆီသတ်ထားတဲ့ ဆီတို့ထည့်ပြီး အပေါ်ကနေ ကြက်သွန်ဖြူ ဆီချက်ကလေးဖြူးပြီး အသင့်သုံးဆောင်နိုပါပီ..